27 October 2010

မြန်မာပြည်တွင်အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်

အောက်တိုဘာလ ၂၄ ရက် ည ၁၀ နာရီ ၂၃ မိနစ် ၂ စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၀ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်းတစ်နေရာကို ဗဟိုပြု၍ အင်အားရစ်(ခ်ျ)တာစကေး ၃ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်သွားသည်ဟု တိုင်းထွာရရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားကြောင်း ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။