24 October 2010

ဆိုင်ကလုန်းမုန်တိုင်း ဂီရိ လေဖိအားနည်းရပ်ဝန်းအဖြစ်မှ အားပျော့ ပျက်ပြယ်သွားပြီဖြစ်ကြောင်း သိရ

စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်သည် ယခုအခါတွင် လေဖိအားနည်းရပ်ဝန်းအဖြစ်မှ အားပျော့ပျက်ပြယ်သွားခဲ့ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို ဖြတ်ကျော်ခဲ့သော ကုန်းတွင်းမုန်တိုင်းသည် မုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ပြီး အောက်တိုဘာလ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း ဘုတလင်မြို့အနီးတွင် ဗဟိုပြုနေခဲ့ကြောင်း၊ ညနေ ၃ နာရီခွဲခန့်တွင် မုန်တိုင်းငယ်သည် အစိမ်းရောင်အဆင့်၊ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိခဲ့ပြီး ညနေ ၆ နာရီဝန်းကျင်တွင် လေဖိအားနည်းရပ်ဝန်း အဖြစ်မှ အားပျော့ပျက်ပြယ်သွား ခဲ့ပြီဖြစ်ကြောင်း news-eleven. ဂျာနယ်တွင် ဖော်ပြပါရှိသည်။