05 September 2010

ပခုက္ကူသွေးစက်

ပခုက္ကူသွေးစက်



ပခုက္ကူမှာ

ကျခဲ့ရတဲ့

သံဃာ့သွေးစက်တွေ

မြေပေါ်မှာ

ခြောက်သွေ့ချင်

ခြောက်သွေ့သွားလိမ့်မယ်၊

ငါတို့နှလုံးသားထဲမှာတော့

မခြောက်သေးဘူးဟေ့။


သွေးစုပ်မိစ္ဆာ

အာဏာရှင်စနစ်ဆိုး

မြန်မာပြည်မှာ

ကွယ်ပျောက်စေရမယ်၊

ငါတို့နှလုံးထဲက

ကြွေးကြော်သံတွေ

ပေါင်းဆုံလာတဲ့နေ့။


ခင်မမမျိုး (၅၊ ၉၊ ၂၀၁၀)