



ဘဘ ဦးတင်ဦး၏ ညီ ကွယ်လွန်ရှာပြီ
လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး မိတ်ဆွေရန်သူမရွေး တို့၏ နာရေးကိစ္စ အ၀၀တို့ကို ထမ်းဆောင်ဖေးမ ကူညီပံ့ပိုးပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၆.၉.၂၀၁၀ (တနင်္လာ) နေ့တွင် ဘဘ ဦးတင်ဦး၏ ညီအရင်းဖြစ်သူ ကွယ်လွန်သူ ဦးစိန်အောင် အသက် (၈၃) နှစ် ရုပ်အလောင်းအား ရန်ကင်းမြို့နယ်နေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ၈.၉.၂၀၁၀ (ဗုဒ္ဓဟူး) နေ့ ညနေ (၄း၀၀) နာရီအချိန်တွင် မီးသင်္ဂြိုလ်မှု အခမ်းအနား အား ရေဝေးသုဿန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် ကျင်းပခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ဂုဏ်သရေရှိ လူကြီးမင်းများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)က စတီးမှန်ရွှေခေါင်းနှင့် အသင်းသူ/သားများသည် ၀ိုင်းဝန်း ကူညီဖေးမ ပေးဆပ်ခဲ့ကြပါသည်။
ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။
ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။