06 September 2010

အန္တိမဈာပနလား … တစ်သောင်းပြည့်လား





အန္တိမဈာပနလား … တစ်သောင်းပြည့်လား

သာသနာတော်ကြီး မပျောက်ကွယ်၍ အဓွန့်ရှည်တည်တံ့ ခိုင်မြဲစေရန် ရည်ရွယ်ကာ ဖွဲ့စည်းလိုက်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်ပူဇော်မှု အသင်းသည် ယခုလ (စက်တင်ဘာ) ၁၁၊ ၁၂၊ ၁၃၊ ၁၄ ရက်နေ့ ခန့်တွင် ကျရောက်မည့် ၂၀၁၀ ခုနှစ်အတွက် နာရေးကူညီမှု ပေါင်း (၁၀၀၀၀) တစ်သောင်းပြည့် ဈာပန အခမ်းအနား၌ သံဝေဂလင်္ကာများ ရွတ်ဖတ်ကုသိုလ်ယူရန် အတွက် ယနေ့ ၆.၉.၂၀၁၀ (တနင်္လာ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဘုရားခန်းအတွင်း၌ အသံနေ အသံထား မှန်ကန်မှုရှိစေရန်အတွက်၎င်း၊ သံပြိုင်ရွတ်ဖတ် ပူဇော်ရာတွင် ညီညာမှု ရှိစေရန်၎င်း၊ ကြားနာရသူ နတ်လူအပေါင်း စိတ်နှလုံးချမ်းမြေ့ ပီတိဖြစ်စေရန်၎င်း လေ့ကျင့်မှုများ တက်ကြွစွာ ဆောင်ရွက်လျှက် ရှိပါသည်။ စက်တင်ဘာလ (၁၂) ရက်နေ့ (တနင်္ဂနွေ) နေ့တွင်လည်း ပုဇွန်တောင်မြို့နယ်ရှိ စင်ကာပူ ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယက ဆရာတော်ကြီး ဘဒ္ဒန္တ၀ိသုဒ္ဓ သက်တော် (၉၅) နှစ်၊ ၀ါတော် (၇၅) ၀ါ ရှိ အန္တိမ ဈာပန အခမ်းအနားရှိရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်ပူဇော်မှု အဖွဲ့ အနေနှင့် ဆရာတော်ကြီး၏ အန္တိမ ဈာပန အခမ်းအနားဖြင့် ပွဲဦးထွက် ပူဇော်ရွတ်ဖတ်ခွင့် ကြုံကြိုက်မည်လား … ထူးခြားသော နာရေး တစ်သောင်းပြည့် အခမ်းအနားတွင် ပွဲဦးထွက် ရွတ်ဖတ်ခွင့် ရမည်လား … သို့တည်းမဟုတ် စက်တင်ဘာ (၁၂) ရက်တွင် ဆရာတော်ကြီး၏ အန္တိမ ဈာပန အခမ်းအနားနှင့် နာရေး တစ်သောင်းပြည့် အခမ်းအနား နှစ်မျိုးစလုံး တစ်ပြိုင်တည်း တစ်ရက်တည်း တိုက်ဆိုင်စွာ ကျရောက်ကုသိုလ်ယူမှုများ ကြုံကြိုက်ကြမည်လား ဟူ၍ တွေးတော နေမိတော့သည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။