07 September 2010

ရပ်ကွက်ကော်မရှင်အဖွဲ့ ခွဲရုံး ဆေးမှုတ်ကာ NO အရေးခံရတာ မည်သူလက်ချက်လည်း။


စက်တင်ဘာလ (၄) ရက်နေ့  က ရန်ကုန်မြို့  မြောက်ဥက္ကလာပမြို့ နယ်၊ (၂) ရပ်ကွက် သုဇိတာလမ်းမကြီးပေါ်တွင် တည်ရှိနေသော ရယက၊ ရဲကင်း၊ ကြံ့ဖွတ်တို့  တွဲလျှက်ရှိသော ရယကရုံးတွင် စိုက်ထူထားသော ရပ်ကွက်ကော်မရှင်အဖွဲ့ ခွဲရုံး ဆိုင်းဘုတ်သည် ကြတ်ခြေခက်၍ “NO” ဟု ဆေးမှုတ်ခံခဲ့ရပါသည်။

ထိုသို့ ဆေးမှုတ်ခံထားရသော ဆိုင်းဘုတ်အား အာဏာပိုင်များမှ မနက် (၇) နာရီခန့်တွင် ရပ်ကွက်လူကြီးအချို့ မှ သိရှိကာ မည်သူမှ မသိအောင် အဆိုပါ ဆိုင်းဘုတ်အား ဖြုတ်ချပြီး အသစ်ပြောင်းရန် အားထုတ်ခဲ့သော်လည်း မြို့  နယ်အမာခံသတင်းသမားတစ်ဦးမှ ထောက်လှမ်ရေးဌာနများအား အကြောင်းကြားခဲ့သဖြင့် မြို့ နယ်မှ တိုင်းအဆင့်အထိ ဒေသဆိုင်ရာ အာဏာပိုင်များရောက်ရှိလာပြီးမှ အဆိုပါ ဆိုင်းဘုတ်အား နောက်နေ့  စက်တင်ဘာလ (၅) ရက်နေ့ တွင် ဓါတ်ပုံရိုက်ကာ ဖြုတ်ချခဲ့ကြပါသည်။

ထိုကဲ့သို ရပ်ကွက်ကော်မရှင်အဖွဲ့ ခွဲရုံး ဆိုင်းဘုတ် ဆေးမှုတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ ကြက်ခြေတ်ခတ် ဆေးမှုတ်ကာ NO စာလုံးရေးခြင်းမှာ ရယက၊ ရဲကင်း၊ ကြံ့ဖွတ်တို့  ပူးတွဲထားသော ရုံးဖြစ်သဖြင့် ၄င်းတို့ အချင်းချင်း အာဏာပြိုင်မှုများ ရှိနေခြင်းကြောင့် ပူးတွဲဆောင်ရွက်နေရခြင်းအား မလိုလားသောကြောင့် ယခုလို ရေးသားခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်သူများ ရှိနေကြောင်း သိရှိရပါသည်။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။