11 September 2010

မြန်မာပြည်တွင်းအများပြည်သူနေရာများတွင် အင်တာနက် လွှင့်တင်ပါက လိုင်စင်လျှောက်ထားရန်လို

စားသောက်ဆိုင်များနှင့် ဟိုတယ်များအပါအ၀င် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် လူအများသုံးစွဲနိုင်ရန် အင်တာနက်လွှင့်တင်မည်ဆိုပါက အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မှုလိုင်စင်အား လျှောက်ထားရန်လိုအပ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အခကြေးငွေ ကောက်ခံသည်ဖြစ်စေ၊ မကောက်ခံသည်ဖြစ်စေ အဆိုပါလုပ်ငန်းလိုင်စင်ကို လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း ဆိုသည်။ အဆိုပါ လိုင်စင်လျှောက်ထားခြင်းမရှိဘဲ အများနှင့်သက်ဆိုင်သော နေရာများတွင် အင်တာနက်လွှင့်တင်ထားသူများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စစ်ဆေးအရေးယူဖွယ်ရာရှိကြောင်း သိရှိရသည်.။