11 September 2010

အလုံမြို့နယ်ရဲစခန်းမှာ တပ်ပြေးပါဆိုပြီး စခန်းမှုးရဲ့ဖိနပ်နဲ့ပါးရိုက်တာကို ခံရပြီး ရိုက်နှက်နှိပ်စက် ခံရတဲ့ မောင်အောင်မင်းနိုင်အမှု နောက်ဆက်တွဲ သတင်း

တပ်ပြေးပါဆိုပြီး အလုံရဲစခန်းမှာ မတရားဖမ်းဆီး ရိုက်နှက် ခံရတဲ့ မောင်အောင်မင်းနိုင်
ပြီးခဲ့တဲ့ သြဂုတ်လ(၂၁)ရက်နေ့က အလုံမြို့နယ် ရဲစခန်းမှာ တပ်ပြေးဆိုပြီး မတရားစွပ်စွဲ ဖမ်းဆီးပြီး ပါလာတဲ့ငွေကိုယူ လူကို တညလုံး ရိုက်နှက် ညှင်းပန်းတာခံခဲ့ရတဲ့ မောင်အောင်မင်းနိုင်ရဲ့ အဆိုပါ.. အမှုနဲ့ပတ်သတ်ပြီး နောက်ဆက်တွဲ အခြေအနေများကို ထပ်မံဖော်ပြလိုက်ပါတယ်.. ယခင်သတင်း ဖတ်ချင်ရင် Click.

အထက်ပါ မောင်အောင်းမင်းနိုင်အား အာဏာပိုင်များမှ မတရားဖမ်းဆီး နှိပ်စက်ခံရတဲ့ အဆိုပါတရားဥပဒေမဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ကိုလူမော်လတ်မှ အဆိုပါနေ့ မနက်မှာ ရဲစခန်းကို သွားရောက် တိုင်ကြားပေးခတဲ့ အတွက်ကြောင့် အထက်အာဏာပိုင်များမှ ခေါ်ယူစစ်ဆေးခဲ့ပြီး။ ၉ရက်နေ့ မှာတော့ မောင်အောင်မင်းနိုင်နဲ့ ဖိနပ်နဲ့ပါးကို ရိုက်တဲ့ စခန်းမှုးကို မရမ်းကုန်းရဲစခန်းမှ မြို့နယ်မှုးမှ ပြန်လည် ခေါ်ယူစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်။

မရမ်းကုန်း မြို့နယ်မှုး.... စခန်းမှုးကို ခေါ်ပြီး " ကိုအောင်မင်းနိုင်ကို ဖိနပ်နဲ့ ပါးရိုက်တာ.. သူပါလား"

မောင်အောင်မင်းနိုင်....".ဟုတ်ကဲ့ သူရိုက်တာပါ.."

မရမ်းကုန်း မြို့နယ်မှုး.. မြို့နယ်မှုးက ဘာမှ ထပ်မမေးတော့ပါဘူး..။ "စခန်းမှုးကိုကြည့်ပြီး စခန်းမှုးအနေနဲ့ ကိုအောင်မင်းနိုင်ကို ဘာများမေးချင်ပါသလဲ "..

စခန်းမှုး.. (မဆီမဆိုင် မေးမြန်းပုံ) ကိုလူမော်လတ် (အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင်) ရဲ့ ဖခင်ဟာနိုင်ငံရေးအမှုနဲ့ထောင်ဒဏ် အနှစ်၂၀ကျနေတယ်ဆိုတာသိပါလား...

မောင်အောင်မင်းနိုင် .. ".ဒါကျွန်တော့် ကိစ္စမဟုတ်ဘူး ကျွန်တော်မသိဘူး..."

စခန်းမှုး.. " အခုထွက်ဆိုချက် တွေဟာ အောင်မင်းနိုင်အနေနဲ့ ကိုယ်တိုင်ထွက်ဆိုတာလား လူမော်လတ်ကနေ သင်ထားပေးလို့  ထွက်ဆိုတာလား "

မောင်အောင်မင်းနိုင် ...ကျွန်တော် ဖြစ်တာ. ခံရတာ ကျွန်တော် အသိဆုံးမို့ လူကြီးတွေမေးတာ ကိုကျွန်တော့် ဘာသာဖြေခဲ့တာပါ..

စခန်းမှုး.. " ..အလုံရဲစခန်းလာပြီး ကိုလူမော်လတ်က သူ့အကြောင်းသိစေရမယ်လို့ ခြိမ်းခြောက်ပြီး ပြောသွားတာ ကိုအောင်မင်းနိုင်သိပါလား"

မောင်အောင်မင်းနိုင်...."မသိပါဘူး.." ဟု ပြန်လည် ဖြေဆိုခဲ့ပါတယ်...။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ကိုလူမော်လတ်
အထက်ပါ အကြောင်း အရာများနဲ့ ပတ်သတ်ပြီး ပုဂ္ဂိုလ်ရေး စော်ကားမှုတွေ ပါဝင်နေတဲ့ အတွက် ကိုလူမော်လတ်က ပြန်လည်ပြောပြရာမှာတော့.. အဆိုပါ အခင်းဖြစ်ပြီး မနက်ပိုင်းမှာ မောင်အောင်မင်းနိုင်မှ ရောက်ရှိလာပြီး ငိုယိုတိုင်ကြားတဲ့ အတွက် ဖြစ်စဉ် အကြောင်းအရာတွေ အင်မတန် ဆိုးရွားတဲ့ အတွက် အလုံမြို့နယ် ရဲစခန်းကို အဆိုပါညက အဖြစ်အပျက်တွေ တကယ် ဟုတ်မဟုတ် သွားရောက်မေးမြန်းရာမှာတော့ ကိုတင်မိုးဆိုတဲ့ နယ်ထိန်းမှ... တောင်းပန်ပြောဆိုပါတယ်..။ အမှုမှာတောင်းပန်ရုံထက် ဥပဒေမဲ့လုပ်ရပ်အား ဖြေရှင်းနိုင်မည့် မြို့နယ်မှုးနှင့် တွေ့ခွင့်တောင်းရာ အဆိုပါနေ့က မြို့နယ်မှုး ဖခင်ဖြစ်သူ အသည်းအသန် ဖြစ်နေသည့်အတွက် ရုံးမှာ မရှိလို့ တွေ့ခွင့် မရခဲ့ဟုဆိုပါသည်။

ကိုလူမော်လတ် ဆက်လက်ပြောပြတာကတော့ " မိမိတို့ စခန်းမှုးနှင့် တွေ့ခွင့်တောင်းရာ ရုံးမှာ ရှိနေသည်ဟု အားလုံးက ပြောဆိုပေမယ့်လည်း အဆိုပါ မောင်အောင်နိုင်ဦးအား ဖိနပ်ဖြင့် ရိုက်သည့် စခန်းမှုးမှ ဆင်းမတွေ့ခဲ့ကြောင်း ပြောဆိုပါသည်။ ထို့အတွက်ကြောင့် အလုံမှာရှိတဲ့ SB ရဲအထူးတပ်ဖွဲ့အား သွားရောက်အကြောင်းကြားပြီး ယခုအမှုမှာ လူအခွင့်အရေးချိုးဖောက်မှု ဖြစ်သဖြင့် အထက်အာဏာပိုင် လူကြီးများမှ မည်သို့ အကောင်းဆုံး စီစဉ်ပေးမည် ဆိုတာ သိချင်၍ လာရောက် အကြောင်းကြားချင်း ဖြစ်ကြောင်း ပြောဆိုရာမှ အဆိုပါ အလုံ SB မှစာတင်ပေးသဖြင့် နေပြည်တော်မှ အဆိုပါဖြစ်စဉ်ကို အသေးစိတ် အစီရင်ခံပါဟု ခရိုင်မှုးအား အကြောင်းကြားလာပါသည်...။

ကိုလူမော်လတ်.....ခရိုင်မှုးကို တာဝန်ပေးလိုက်တယ်ဆိုလို့ သူတို့စစ်တယ် ကိုအောင်မင်းနိုင်ရော ဒါပေမယ့် သူတို့စစ်တဲ့ထဲမှာ ဖိနပ်ချွတ် ပါးရိုက်တာမပါဘဲ ကျန်နေပါတယ်။ ဒါကို မကြေနပ်လို့ မောင်အောင်မင်းနိုင်က ပြောလာတယ်.. ဒါကြောင့် ပြည်ထဲရေးရုံးကို ထပ်တိုင်တယ်.. ထပ်ပြီး အမှုစစ်ထပ်ဖွဲ့ခိုင်းတယ် ဗဟန်းမြို့နယ်မှုးနဲ့ ... ဗဟန်းမြို့နယ်မှုးရုံးးခန်းမှာ ကျွန်တော်ရော.. ကိုအောင်မင်းနိုင်ပါ.. စစ်တယ် .. ကိုအောင်မင်းနိုင်က သူကိုဖမ်းတာတွေ ချတာတွေ..ဖြစ်စဉ် အသေးစိပ်ကိုပြောပြပါတယ်..ကျွန်တော့်ကိုတော့ မိသားစုဘာလုပ်လဲ။ NLD ပါတီဝင်လား ကျွန်တော်က ကိုအောင်မင်းနိုင်လာပြောလို့ တာဝန်ရှိ လို့လုပ်တာပါ..ကျွန်တော်တို့ အဖွဲ့အစည်း (NLD)မှာ.ထိန်ချန် ထားပိုင်ခွင့် မရှိတာတွေ.. ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအရ အကာအကွယ် ပေးနေတဲ့ အဖွဲ့ဖြစ်နေလို့ ရှဥ့်လဲလျှောက်သာ ပျားလဲဆွဲသာအောင် အရှည်မဖြစ်ရအောင် အလုံရဲစခန်းသွား လူကြီးတွေနဲ့တွေ့ပြီး ထိန်းထိန်း သိမ်းသိမ်း လုပ်ဖို့ပြောဖို့ သွားတဲ့အကြောင်း ဒါတွေပြောပြီး.. ကိုယ်ပြောတာကို ကိုယ်တာဝန်ယူတဲ့ သဘောပေါ့လေ.. လက်မှတ်ထိုးရတယ်။

ကိုအောင်မင်းနိုင်က သူဖြစ်စဉ်မှာ လက်မှတ်ထိုးရတယ်.. ကျွန်တော်ကလည်း ကိုယ်ပြောတဲ့ဖြစ်စဉ်မှာ ထိုးရတယ် .. ဗဟန်းမြို့နယ်မှုးက အလုံစခန်းမှုး(ဖိနပ်နဲ့ပါးရိုက်သူ) ကိုလဲ ခေါ်မေးတယ်။ ကျွန်တော်က အလုံစခန်းမှုး ဖိနပ်ချွတ်ပါးရိုက်တာ ဟုတ်ပါတယ်လို့.. ပြောပါလားလို့မေးတော့ သူတို့က မပြောဘူး.. ဗဟန်းမြို့နယ်မှုးက မပြောဘူး အဲဒါနဲ့ပြန်လာတယ်.. ဒီနေ့ကြတော့ ၉.၉.၂၀၁၀ ပေါ့လေ..မရမ်းကုန်း မြို့နယ်မှုးက ခေါ်တယ်...ကျွန်တော်ကတော့ လိုက်သွားပါတယ် ..ဒါပေမယ့် ကျွန်တော်ကိုတော့ ခေါ်မမေးဘူး... ဖမ်းတဲ့ တပ်ကြပ်ကျော်နိုင်လင်း ကိုမောင်အောင်မင်းနိုင်နဲ့ မျက်နှာချင်းဆိုင် စားပွဲဝိုင်းမှာ ထိုင်ခိုင်းပြီး အလည်က မရမ်းကုန်မြို့နယ်မှုး ကထိုင်တယ် .. ကိုအောင်မင်းနိုင်ကို ရိုက်နှက်တာ သူပါသလားလို့မေးတယ်... ရိုက်တဲ့ထဲမှာ သူမပါဘူး.. ဖမ်းတုန်းကတော့ ပါတယ်လိုဖြေတယ်။ တပ်ကြပ်ကျော်နိုင်လင်းကို မင်း ကိုအောင်မင်းနိုင်ကို ဘာမေးချင်တာရှိလဲတဲ့။ တပ်ကြပ်ကျော်နိုင်လင်း ကဖမ်းတုန်းက အလုံရဲစခန်းမှာ လိပ်စာမေးတော့.. ဒလဆိုတဲ့ အခုတော့ဘာလို့ ကိုလူမော်လတ် လိပ်စာဖြစ်နေရတာလဲတဲ့ ကျွန်တော် မိဘတွေနဲ့နေတာ.. ဒလမှာနေတာပါ.. အခု အလုံရဲက ခဏခဏခေါ်တွေတော့ကိုလူမော်လတ်တို့ အိမ်မှာနေတာပါ။ တွေ့လို့ လွယ်အောင်ပါလို့ ပြောလိုက်တော့ ထပ်မမေးတော့ဘူး..

အဲ့ဒီ၉ရက်နေ့က ကျွန်တော်နဲ့ မောင်အောင်မင်းနိုင် အမေနဲ့က အောက်ကဆိုင်မှာ စောင့်နေတာ.. ပြန်ဆင်းလာတော့ ပြောပြတယ်။ လူကြီးစကားမပြောလို့ မကြေမနပ်ဖြစ်ရတာပါ...။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး လူကြီးတွေ ရှေ့နေတွေနဲ့ တိုင်ပင်မယ်... အဓိကကတော့ လူ့အခွင့်အရေးချိုးဖောက်တာရယ် ဥပဒေမဲ့ တရားမဲ့လုပ်ရပ်ရယ်.. နောက်အခုလဲ အလုံစခန်းမှုးက ယောင်္ကျားပဲ လုပ်ရင်လုပ်တယ်ပေါ့.. ဘာလို့ သူများကို လှည့်ရမ်းနေတာလဲ. ယောင်္ကျားမပီသဘူးလို့ထင်တယ်..။ ကျွန်တော်ဒီကိစ္စ နှစ်ဦးနှစ်ဘက်ပြေလည်ဖို့ လိုက်လုပ်ပေးနေတာပါ။ အခု စေတနာနဲ့လိုက်လုပ်ပေးတာကို.. မဆိုင်တဲ့မေးခွန်းတွေနဲ့ ကျွန်တော်ကိုပါ.. စော်ကားလာတာပါ။ ဒါကြောင့် ဒီကိစ္စကို အထက်ကိုတိုင်မယ် .. ဗိုလ်ချုပ်မှုးကြီး သန်းရွှေအထိပါ စာတင်ပြီး ရေးသားတောင်းဆိုမည်ဟု ကိုလူမော်လတ်မှ ပြောဆိုသွားပါတယ်....။

အထက်ပါ အမှုတွေနဲ့ အတူ ကျွန်တော်တို့ နိုင်ငံမှာ မှန်ကန်တဲ့ တရားဥပဒေ မရှိမှု.ရဲ့အောက်မှာ နိုင်ငံသားတွေရဲ့ လုံခြုမှု မရှိတဲ့ ဘဝတွေပါ.။. နိုင်ငံသား တစ်ယောက်ကို ဘာမှ ဥပဒေအရ အကာအကွယ် မပေးနိုင်တဲ့ အပြင်.. အကြောင်းပြချက်မရှိပဲ ရိုက်နှက် ဖမ်းဆီး အာဏာကို လိုအပ်တာထက် ပိုမို အသုံးပြုမှုတွေကြောင့် အသက်ဆုံးရှုံး၊ ပျောက်ဆုံးရတဲ့ အဖြစ်အပျက်တွေ ဟာ နေရာအနှံမှာ ဖြစ်ပျက်နေပါတယ်..


ဒီမိုဝေယံ