22 August 2010

ရန်ကုန်တိုင်းအတွင်း တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်များ..... ၏ လှုပ်ရှားမှု...

20.8.2010 ရက်နေ့က ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသော ကျောင်းသား လူငယ်များ အင်အားစုများက ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အကြိုလှုပ်ရှားမှု အဖြစ်စစ်အစိုးရ၏ 2010 ရွေးကောက်ပွဲဆန့်ကျင်ရေး ပို့စ်ကတ်ဒ်နှင့် ဓါတ်ပုံများကို ရန်ကုန်တိုင်းအတွင်းတွင်ရှိသော ဘုန်းတော်ကြီး စာသင်တိုက်များကို အဓိကထား၍ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။ ၄င်းလှုပ်ရှားမှုကို အဆိုပါ ကျောင်းသားအင်အားစုများနှင့် ချိတ်ဆက် ဆောင်ရွက်နေသော သံဃာတော် အရှင်သူမြတ်အချို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသားလူငယ်တစ်ဦးက ပြောကြားခဲ့ပါသည်။ "ရန်ကုန်တိုင်းအတွင်းမှာ ပါဝင်တဲ့ လှိုင်မြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့ နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့ နယ်၊ သုံးခွမြို့နယ်နှင့်သန်လျင်မြို့နယ်တို့မှာရှိတဲ့ စာသင်တိုက်တွေကို အဓိကထားပြီး ဖြန့်ဝေခဲ့ပါတယ်။ စာသင်တိုက်တွေကို အဓိကထား ဖြန့်ဝေရတဲ့ ရည်ရွယ်ချက်ကတော့ ဒီစစ်အစိုးရရဲ့ 2010 ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက်၊ နိုင်ငံအတွက် ချောက်ကမ်းပါးကို တွန်းပို့မယ့် ကိစ္စတစ်ခုပါဆိုတဲ့ Message ကို စာသင်သား သံဃာတော်တွေက တစ်ဆင့် သူတို့ဆွမ်းခံကြွနေတဲ့ ပြည်သူတွေဆီကို ရောက်အောင်လို့ ပြုလုပ်ရတာဖြစ်ပါတယ်။ ဖြန့်ဝေတဲ့ပို့စ်ကတ်ဒ်နဲ့ စတစ်ကာတွေမှာ ပြည်တွင်းစစ် ဖြစ်အောင်ပြုလုပ်မယ့် 2010ရွေးကောက်ပွဲကို ဆန့်ကျင်ကြဆိုတဲ့ စာသားတွေရယ်၊ တရားဝင် စစ်ကျွန်ဖြစ်စေမယ်...။့ 2010ရွေးကောက်ပွဲကို ဆန့်ကျင်ကြဆိုတဲ့ စာသားတွေရယ်၊ ရွေးကောက်ပွဲမှာ မဲမထည့်ပဲ နေတာဟာလဲ ပြည်သူတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးပဲဆိုတဲ့ စာသားတွေရယ် ရေးထားပါတယ်" ဟုအဆိုပါ ကျောင်းသားလူငယ်မှ ပြောကြားသွားခဲ့ပါသည်။

ရန်ကုန်တိုင်းအတွင်း တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်များ.....