26 August 2010

ရန်ကုန်တိုင်းအတွင်း ကားခိုးယူမှုများဖြစ်ပေါ်နေ၍ ယာဉ်ပိုင်ရှင်များ သတိပြုနေရကြောင်း၊

ရန်ကုန်တိုင်းအတွင်း ကားခိုးယူမှုများဖြစ်ပေါ်နေ၍ ယာဉ်ပိုင်ရှင်များ သတိပြုနေရကြောင်း၊ ခိုးယူခံရသည့် ကားအချို့တွင် အချို့မှာပြန် လည်ရရှိသော်လည်း အများစုမှာ စုံစမ်းဆဲဖြစ်ကြောင်း ခိုးယူခံရသည့် ယာဉ်ပိုင်ရှင်များကဆိုကြသည်။


ခိုးယူခံရသူများအနေဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်ထားပြီး ခိုးယူခံရသည့် ကားအမျိုးအစားများထဲတွင် Toyota Corolla CE106 ဗင်ဖင်ကောက် အမျိုးအစားများအပြင် စက်မှုဇုန်ထုတ် ကားများလည်း ပါဝင်ကြောင်း သိရသည်။

" သြဂုတ်လဆန်းပိုင်းတုန်းက အခိုးခံရတာပါ။ သော့ကတော့ ခတ်ထားတာပေါ့။ ဂျစ်ကားတစ်စီးနဲ့ Toyota Corolla CE106 ဗင်ဖင်ကောက် ၁၉၉၂ အမျိုးအစားတစ်စီး ပါသွားတယ်။ ဂျစ်ကားကတော့ ပြန်ရတယ်။ ဖင်ကောက်တော့ မရသေးဘူးရှာတုန်းပဲ။ ကျွန်တော့်သူငယ်ချင်း ကားပါသွားတာ"ဟု ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။


ဘုရင့်နောင်ပွဲရုံ အတွင်း၌ပင် Townace နှစ်စီးခိုးယူခံခဲ့ရကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ "ကျွန်တော် ဒီကားကို လွန်ခဲ့တဲ့ခြောက်လလောက် ကမှ ၀ယ်ထားတာပါ။ ၀ယ်ပြီးကတည်းက ညဘက်ဆိုရင် ကျွန်တော်တို့ ပွဲရုံရှေ့မှာပဲ ရပ်ထားပါတယ်။ ပွဲရုံထဲမှာက ကုန်တွေနဲ့ပြည့်နေတော့ ကားကို ပွဲရုံရှေ့မှာပဲ ရပ်ထားရပါတယ်။ ကျွန်တော်တို့ကပွဲရုံ ဒုတိယထပ်မှာ အိပ်ပါတယ်။ အခုဖြစ်တဲ့ည (သြဂုတ်လ ၁၆ ရက်)က ကျွန်တော်အပြင်ကပြန်လာပြီး ည ၈ နာရီ ၁၅ မိနစ်လောက် မှာ ကားကို ကျွန်တော်တို့ပွဲရုံရှေ့ မှာပဲ ရပ်ထားခဲ့တယ်။ ညတိုင်းလည်း ဒီနားမှာပဲရပ်တော့ ကျွန်တော်က ကားကိုရပ်ပြီး ကားသော့ခတ်ခဲ့ပါတယ်။ ပြီးတော့ စတီယာရင်နဲ့ ဘရိတ်ကိုလည်း သော့ခတ်ခဲ့တယ်။ အဲဒီနောက် ကျွန်တော်ပွဲရုံပေါ်မှာ တက်အိပ်နေပါတယ်။ မနက်မိုးလင်း (သြဂုတ်လ ၁၇ ရက်) တော့ ကားက မရှိတော့ပါဘူး။ ဒီနေ့အထိတော့ စုံစမ်းရှာဖွေနေဆဲပါပဲ။ အရင် နှစ်လ တုန်းကလည်း ရွှေပိတောက်ပွဲရုံရှေ့မှာ တစ်စီး ပျောက်ထားသေးတယ်။ ဘုရင့်နောင်ပွဲရုံထဲမှာ ကျွန်တော့်အစီး နဲ့ဆို လတ်တလော နှစ်စီးပျောက်တာ ပေါ့"ဟု ပျောက်ဆုံးသွားသော ကားပိုင်ရှင်ဖြစ်သူ ကိုဗိုလ်ဗိုလ်ပြည့်က ဆိုပါသည်။အခုချိန်မှာဖြစ်ပွားတဲ့ ကားခိုးမှုတွေနဲ့ ဆက်စပ်နိုင်ပါတယ်။ ကားတွေရဲ့ လုံခြုံမှုတွေအတွက်လည်း သတိပြုစရာဖြစ်နေပါပြီ။ ဒါကြောင့် သတ်မှတ်ဒဏ်ကြေး ပေးဆောင်စေပြီး တရားဝင်လိုင်စင် ထုတ်ပေးမှုတွေကို အချိန်ကာလတိုတစ်ခု တရားဝင်ကြေညာပြီး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သင့်ပါတယ်


အဆိုပါစက်မှုဇုန်ထုတ် Townace ကားပျောက်ဆုံးမှုနှင့် စပ်လျဉ်း၍ ဘုရင့်နောင်ရဲစခန်းမှ (ပ)၆၉၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းလည်း သိရသည်။ ထိုသို့ ပျောက်ဆုံးမှု သတင်းများကြောင့် ယာဉ်ပိုင်ရှင်များ အနေဖြင့် သတိထားရန်လိုအပ်လာပြီး ယာဉ်ပိုင်ရှင်အများစုမှာ သတိထားကာ စောင့်ကြပ်နေကြကြောင်းသိရသည်။


"အခုလို လိုင်စင်မဲ့ကားတွေကို စိစစ်ပြီး တရားဝင်လုပ်ပေးနေတာကို အချိန်ကာလတိုတစ်ခု သတ်မှတ် လုပ်ဆောင်ပေးသင့်တယ်လို့ ထင်ပါတယ်။ အခုချိန်မှာဖြစ်ပွားတဲ့ ကားခိုးမှုတွေနဲ့ ဆက်စပ်နိုင်ပါတယ်။ ကားတွေရဲ့ လုံခြုံမှုတွေအတွက်လည်း သတိပြုစရာဖြစ်နေပါပြီ။ ဒါကြောင့် သတ်မှတ်ဒဏ်ကြေး ပေးဆောင်စေပြီး တရားဝင်လိုင်စင် ထုတ်ပေးမှုတွေကို အချိန်ကာလတိုတစ်ခု တရားဝင်ကြေညာပြီး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သင့်ပါတယ်"ဟု ကားဈေးကွက် လေ့လာသူတစ်ဦးက ထင်မြင်ချက်ပေးပါသည်။


"ကျွန်တော်တို့က တိုက်ခန်း မှာနေတာဆိုတော့ ကိုယ့်တိုက်ခန်း ရှေ့မှာပဲ ညအိပ်ထိုးတဲ့သူ များတယ်လေ။ ပျောက်တာကလည်း ညဖက်တွေ အပျောက်များတော့ သော့တို့ ဘာတို့သေချာလုပ်နေရတယ်။ လမ်းလုံခြုံဖို့အတွက်လည်း ကင်းစောင့်တဲ့ သူကို စုပြီးငှားထားရတယ်"ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူ တစ်ဦးကလည်း ရှင်းပြခဲ့သည်။ယခုအခါတွင် ယာဉ်ပိုင်ရှင်များ သာမက လိုင်စင်မဲ့ကားများကိုဝယ်ယူ၍ လိုင်စင်လျှောက်ထားလိုသူများ အနေဖြင့်လည်း သတိပြုသင့်သည့် အနေအထားရှိလာကြောင်း ယာဉ်ပိုင်ရှင်များ ကလည်း သတိပေးပြောကြားခဲ့ပါသည်။


"ယာဉ်ပိုင်ရှင်တွေတင် ဘယ်က မလည်း without ကားဝယ်ပြီး လိုင်စင်ဝင်မယ့်သူတွေလည်း သတိထား သင့်တယ်။ ရန်ကုန်က ကားကိုခိုး သွားပြီးနယ်ကျမှဈေးအတန်အသင့်နဲ့ without ကားပါဆိုပြီး ရောင်းရင် ဘယ်လိုလုပ်မလဲ။ ၀ယ်မိတဲ့သူက လိုင်စင်သွားဝင်တော့မှ ဒါကပျောက်သွားတဲ့ကားကြီးဆိုပြီး ဖြစ်သွားရင် ဒုက္ခများသွားမယ်လေ။ အဲဒီအတွက် သတိထားဖို့ လိုတယ်။ ရန်ကုန်မှာ ကားပိုင်ရှင်တွေ အများစုကတော့ ကိုယ့် တိုက်ခန်းလေးရှေ့ ကိုယ်ရပ်ရတဲ့သူများ ပါတယ်။ ဒီတော့ ပိုပြီး သတိထားရမှာပေါ့။ သော့ကတော့ လူတိုင်း ခတ်တာပါပဲ"ဟု ယာဉ်ပိုင်ရှင်တစ်ဦး က သုံးသပ်ပြောကြားခဲ့ဟု eleven ဂျာနယ်တွင် ဖော်ပြပါရှိသည်.။