27 August 2010

တပ်ခရိုင် မဲ့ကဆာရွာနှင့် နန်တီရွာအကြားမှ မြန်မာအမျိုးသားတစ်ယောက်ကိုရက်ရက်စက်စက်သတ်ဖြတ်ထားတဲ့ လူသေအလောင်း..



ဒီလူသေလောင်းဟာ ဖြင့် ထိုင်းနိုင်ငံ ၊တပ်ခရိုင် မဲ့ကဆာရွာ နှင့် နန်တီရွာ ရွာနှစ်ရွာရဲ့ကြားမယ်တွေ့တာပါ နှစ်ဆယ့်ငါးရက်နေ့ကကျွန်တော်တို့ခန့်မှန်းချက်အရဆိုရင်သတ်ပြီထားတာခြောက်ရက်ဝန်းကျင်လောက်ဘဲရှိ မယ်ထင်ပါတယ် ။သေနတ်ဒဏ်ရာသုးံချက် ၊ဓားဒဏ်ရာ နှစ်ချက်ဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခံထားရ
တဲ့ မြန်မာအမျိုးသားတဦးအား တွေ့မြင်ရတာပါ.။

ကျွန်တော်တို့ဘာတွေလုပ်လို့ ဘယ်လိုလုပ်ကြမလဲ၊ ဘယ်သူ့ကို အပြစ်တင်လို့ ဘယ်သူ့ကို အပြစ်ပြောကြမလဲ။ စဉ်းစား ကြည့်ပေတော့ ဗျာ၊ ကျွန်တော်ပြောပြမယ် လွန်ခဲ့တဲ့ဆယ့်ငါးရက်လောက်က မိန်းကလေး တစ်ယောက်ပျောက်ဆုးံတယ်၊ မယ်ကုလွင်ရွာ ကလည်း လူငယ်တစ်ယောက်ပျောက်ဆုးံတယ် ၊ဒီကြားထဲမှာလည်း မုဒိမ်းကျင့်ခံရတာတွေကလည်း များမှများ မကြားချင်မှအဆုံး၊ ပါးရိုက်ခံရတာ၊ ချေးထောက်နဲ့ ကန်ခံရတာတွေကတော့ ပြောလို့မဆုးံ ၊မုဒိမ်းကျင့်တယ် ဆိုတာကလည်း အလုပ်ဆိုပြီတော့ ယားခင်းထဲခေါ်သွား ကောင်းမလေးကလှမယ၊် အယုတ်စွ အဆုးံ ရုပ်မချောရင်တောင်အသားလေးစိုစိုပြေပြေဆိုခေါ်သွားလိုက်တာဘဲ တောထဲကို ဗမာပြည်သားကလည်း မရှိလို့ငတ်လို့လာလုပ်စားတာဆိုတော့ မိန်းကလေးတွေအများစု ဗမာပြည်သား အများစုကလည်း အရှက်နဲ့လူလုပ်လို့ မရတော့ဘူး ။

ဒီဘက်တစ်ခွင်မယ်က အရှက်တရားသာ ထားမယ်၊ရှိမယ်ဆိုရင်ထမင်းငတ်သွားမယ် ၊ခိုင်းတာလုပ်ကြွေး၊ပေးတာစား၊ပေးတာယူ ၊ငေါက်ရင်ခံ၊ဆူရင်ခံဘ၀- ဒါတွေဟာ ဒါတွေရဲ့တရားခံဟာ ဘယ်သူလည်းလို့ ပြန်တွေးလိုက်တော့ ကျွန်တော်တို့ရဲ့ အဓိကတရားခံ ကတော့အာဏာရူး စစ်ခွေးတစ်သိုက်ကြောင့် ဆိုတာ မိမိတို့ တွေးကော တွေးမိကြရဲ့လား။ ကျွန်တော်တို့ဟာ ရှေ့ဆက်ပြီတော့ ဒီအတိုင်းဘဲ ဆက်လျှောက်နေကြမှာလား။

ဒီအတိုင်းသာ လျှောက်နေကြမယ် ဆိုရင် ဒီဘ၀ဆိုးတွေ ကနေ ဘယ်တော့မှ ရုန်းထွက်လို့ မရတော့ဘူး ဆိုတာ သဘောသာပေါက်လိုက်ကြပေတော့ ၊ပြဿနာအဓိက ဇစ်မြစ်ကိုလိုက်ပြီး ပြဿနာရဲ့ ဇစ်မြစ်ကို သိပြီးဆိုရင် ကိုယ်က ဒီပြဿနာတွေထဲက နေရှောင်ထွက်ဖို့ ကကြိုးစားနေကြမယ့် အစား ဖောက်ထွက်ဖို့ ကြိုးစားတာပို ကောင်း မယ်လို့ထင်ပါတယ်
ကျွန်တော်တို့ဘက်တွင် ဒီလိုလူသတ်မှုတွေ လူပျောက်ဆုးံနေတာတွေ အများကြီးပါလို့ပြောပါရစေဗျာ။အာဏာရှင်လက်အောက်တို့ဗမာလူမျိုးတွေမလွတ်မြောက်သောကာလပတ်လုးံ ဒီလိုအဖြစ်ဆိုးတွေကနေဘယ် တော့မှလွတ်မြောက်မှာမဟုတ်ပါဘူး ဆိုတာသေသေချာချာမှတ်ထားကြပါဗျာ...။

သတင်း ပေးပို့ လာသူ အားကျေးဇူးတင်ရှိပါသည်.။