27 August 2010

ပြိုင်ဘက်မရှိုစစ်အာဏာရှင် သက်သက် ဝင်ပြိုင်မယ့် ၂၀၁၀ ရွေးကောက်ပွဲကြီး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည်ယခုလ ၂၀ ရက်နေ့က မြန်မာတစ်နိုင်ငံလုံးတွင် ရုံးခွဲပေါင်း ၄၀၀ ကျော်ကို တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ရုံးများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်အဆင့် ၄၅ ရုံး၊ ခရိုင်အဆင့်လေးခုနှင့် တိုင်းဒေသကြီးအဆင့် ရုံးတစ်ရုံးလည်း ပါဝင်ကြောင်းသိရသည်။

ပါတီမဲဆွယ် စည်းရုံးခြင်း လုပ်ငန်းများကို သြဂုတ်လကုန်တွင် စတင်မည် ဖြစ်ကြောင်းနှင့် လွှတ်တော်သုံးရပ် စလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်းပါတီ၏ အလုပ်အမှုဆောင်တစ်ဦးက ပြောသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရန်ကုန်တိုင်းဒေသကြီး အတွင်း လွှတ်တော် သုံးခုစလုံးတွင် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၄၅ ဦး တိုင်းဒေသကြီး လွှတ်တော်အတွက် ၉၀ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၁၂ ဦး အပါအဝင် ရခိုင်နှင့် ကရင်တိုင်းရင်းသားရေးရာ အမတ်နေရာအတွက် နှစ်ဦး ဝင်ရောက် အရွေးခံမည်ဟု ၎င်းက ပြောကြားကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။