မိုးရွာရွာ နေပူပူ
ယနေ့ တစ်နေကုန် ရွာသွန်းနေသော မိုးရေစက်များကြားမှ ဗဟန်းမြို့နယ် မင်းကွန်းတောရ ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တရာဇိန္ဒ သက်တော် (၆၄) နှစ်၏ ရုပ်ကလပ်တော်အား နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အသင်းသားများသည် စတီးရွှေကရ၀ိတ်ဖောင်မှ တစ်ဆင့် ပင့်ဆောင်၍ ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် မောင်းနှင်ပို့ဆောင်မည့် နိဗ္ဗာန်ယာဉ်ပေါ်သို့ ပင့်ဆောင်ကာ ရေဝေးသုဿန်တွင် အန္တိမဈာပန အခမ်းအနား ကျင်းပပေးခဲ့သည်။ ဤသို့ ပို့ဆောင်ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်အပြင် ဆရာတော်ကြီး၏ ပုံတော်နှင့် ပန်းခြင်းများ တင်ဆောင်ရန်အတွက် အသင်းမှ မော်တော်ယာဉ်တစ်စီးဖြင့် အသင်းသားများ လိုက်ပါ၍ ရှေ့ပြေးဦးဆောင်ကာ ရေဝေးသုဿန်သို့ ပို့ဆောင်ပေးခဲ့ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မိုးရွာရွာ၊ နေပူပူ၊ အခါကြီးရက်ကြီး ရုံးပိတ်ရက်များတွင်မက တစ်နှစ်ပတ်လုံး ပိတ်ရက်မရှိ အခမဲ့ ကုသိုလ်ဖြစ် အများပြည်သူတို့အတွက် ထမ်းရွက်ပေးနေရသော၊ ပေးဆပ်ပေးနေရသော ကုသိုလ်ဖြစ် လူမှုရေးအသင်းအဖွဲ့ပင် ဖြစ်တော့သည်။
ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူး တင်ရှိပါသည်.။