27 August 2010

တောင်ဒဂုံမြို့ နယ်မှာ ကြံ့ဖွတ်တွေ နာရေးကူညီမှု ပေးမည်ဆိုပြီး ငွေပေးစည်းရုံးနေ.


မမှန်မကန် မတရားရရှိထားသော နိုင်ငံပိုင်ငွေများနှင့် ရွေးကောက်ပွဲ ဝင်ဖို့ပြင်ဆင်နေသည့် မြို့တော်ဝန် အောင်သိန်းလင်းနှင့် ကြံ့ဖွတ် အဖွဲ့ဝင်များ..

သြဂုတ်လ (၂၃)ရက် နေ့က ထားဝယ်ချောင်သုဿန်နှင့် ကြည်စုသုဿန် လမ်းကြောင်းဖြစ်သော. တောင်ဒဂုံမြို့နယ်မှာ ကြံဖွတ်အဖွဲ့ဝင်များမှ.. ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေပါတယ်။ မဲဆွယ် စည်းရုံးပုံကတော့.. အိမ်မှာ သေဆုံးသူရှိလျှင် အလကား သဂြိုလ်ပေးမည် ဖြစ်ပြီး ...သေဆုံးလျှင်လည်း.. ကျပ်ငွေ သုံးသောင်း... ကိုလည်း ပေးမည်.. ဖြစ်ကြောင်း.. ပြောဆိုစည်းရုံးနေပါတယ်.။ စည်းရုံးပုံမှာ မိမိတို့ မဲရရှိရေးအတွက်သာ စဉ်းစားပြီး.. ရပ်ကွက်အတွင်း နေထိုင်နေသူများအား အတင်းသေခိုင်း ပုံပေါက်သည့် အတွက်ကြောင့် မင်္ဂလာမရှိကြောင်း... နာရေးအတွက် ကူညီ ဆောင်ရွက်ပေးမလိုနှင့် အတင်းမဲဆွယ် အမြတ်ထုတ်နေကြောင်း.. ထို့အတွက်ကြောင့် ကြံ့ဖွတ်၏ ထိုသို့ မမှန်မကန် ငွေပေး စည်းရုံးလှုံဆော် နေမှုများအား ထားဝယ်ချောင်သုဿန်နှင့် ကြည်စုသုဿန် လမ်းကြောင်းပေါ်မှာရှိတဲ့ တောင်ဒဂုံမြို့နယ်က ပြည်သူများအား ဆက်သွယ်မေးမြန်း၍ ပြည်ပမီဒီယာများမှ ဖော်ထုတ်စေလိုကြောင်း ရေးသား ပေးပို့လာပါတယ်....။

ဒီမိုဝေယံ