11 April 2010

ထိုင်းဆန္ဒပြပွဲ ရိုက်တာ သတင်းဌာန ၏ ဂျပန် သတင်းထောက် အပါအ၀င် ၁၅ ဦးသေ စစ်သားသုံးရာ နှင့် အရပ်သား သုံးရာ ကျော်ဒဏ်ရာရဓာတ်ပုံသတင်း

သေဆုံးသွားသည့် ရိုက်တာ ဗီဒီယို သတင်းထောက် ဟီရိုမူရာမိုတို




ထိုင်းကွမ် ဂြိုလ်တုရုပ်သံစခန်း ကို သိမ်းပိုက်ထားစဉ် အတွင်း မျက်ရည်ယိုဗုံးအသုံးပြုစဉ် ဓာတ်ပုံ -၀ီရာပေါင် ဘန်ကောက်ပို့ စ





စစ်တပ်နှင့် ရဲတပ်ဖွဲ့ ဝင်များထံမှ လက်နက်များ ကို လုယူနေသည့် ဆန္ဒပြသူများ

(ဓာတ်ပုံAP)


ရဲတပ်ဖွဲ့ ဝင်များ ကို ပြန်လည် ခုခံနေသည့် အနီဝတ် တစ်ဦး


ယနေ့ ဘန်ကောက် တွင် ရိုက်တာ သတင်းဌာန ၏ ဂျပန် သတင်းထောက် အပါအ၀င် အနီဝတ် ကိုးဦးသေ ၄၀၀ ကျော် ဒဏ်ရာရ ၊စစ်သား ၆၄ ဦးဒဏ်ရာရရှိသည်




ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ဆန္ဒပြပွဲတွေမှာ စနေနေ့ကတော့ ရဲနဲ့ဆန္ဒပြသူတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ လူ ၁၅ ယောက် သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ နှစ်ပေါင်း ၂၀ အတွင်း သေကြေမှု အများဆုံး နိုင်ငံရေး အဓိကရုဏ်းဖြစ်တယ်လို့ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ reuter သတင်းထောက် ဂျပန်လူမျိုးတဦးဖြစ်သူ Muramoto hiroi နဲ့ စစ်သားတွေလည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူအယောက် ၆၈၀ ကျော်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ သေကြေ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေအတွက် အထူး ကြေကွဲရပါတယ်ကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိချာချီဝ က စနေနေ့ညက ရုပ်မြင်သံကြားကနေ ပြောသွားပါတယ်။ ဒါပေမဲ့ သူ နှုတ်ထွက်ပေးမည် မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် အဘီဆစ် ကပြောခဲ့ပါတယ်။



နောက်ဆုံးသတင်းအရ သေဆုံးသူ (၁၈)ဦးရှိသွားသည်ဟုသိရပါသည်.။