17 April 2010

တိုက်အို၊တိုက်ဆွေး ပြိုကျတွင် ပိတ်မိနေသူ သမီးငယ်အား ကယ်ဆယ်ရင်း အသက်စွန့်သွားရတဲ့ 'မီးသတ်ဦးမင်းနောင်'


'မီးသတ်ဦးမင်းနောင်'


ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ် (၆)ရပ်ကွက်၊ လမ်း(၃ဝ)နှင့် ကုန်သည်လမ်းထောင့် အမှတ်(၆၂၈/၆၃၂)ရှိ၊ တိုက်ဟောင်း တိုက်ဆွေးသည် (၁၄၊၃၊၂ဝ၁ဝ) ညနေ (၄)နာရီက ပြိုကျပြီး သမီးငယ် မမျိုးပပဇော် (၁၅)နှစ် အဆောက်အဦး ပြိုကျရာတွင် ပိတ်မိ သေဆုံးခဲ့ရပြီး၊ မီးသတ်(၁၂)ဦး၊ ကြက်ခြေနီ(၁)ဦး၊ အရပ်သား(၁)ဦးတို့ အသီးသီး ဒဏ်ရာရရှိကြောင်း လျှပ်တစ်ပြက် ဂျာနယ်အတွဲ(၂)၊ အမှတ်(၇၇)တွင် ဖေါ်ပြပါရှိခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါပြိုကျမှု ဖြစ်ပွားစဉ် ညနေ (၄)နာရီခွဲက တိုက်ခန်းရှင် ဦးမောင်မောင်၏ သမီးငယ်မမျိုးပပဇော်
(၁၅)နှစ်က သမီးကို ကယ်ကြပါ-ကယ်ကြပါဟု နှစ်ကြိမ် လက်ကိုင်ဖုန်းဖြင့် သူမ၏ဖခင်ထံ ဆက်သွယ်ပြီး
ဖုန်းသံပျောက်သွားသည်ကိုပတ်ဝန်းကျင်မှသိရှိကြရစဉ်ဦးမင်းနောင်(၅၆)နှစ်ကျောက်တံတားမြို့နယ်၊ အရန်မီးသတ်၊ ဒုတိယတပ်ခွဲမှူးက အခြားမီးသတ်များ၊ ကြက်ခြေနီများနှင့် အတူ အင်္ဂတေအုတ်ပုံ
ကြားထဲသို့ ဝင်ရောက် သက်စွန့်ဆံဖျား၊ ကယ်ဆယ်နေစဉ် မမျှော်လင့်ပဲ ည(၇)နာရီမိနစ်(၄ဝ)အချိန်က
တတိယထပ်မှဒုတိယအကြိမ်ထပ်မံ၍အသံကျယ်ကြီးမြည်ဟီးစွာဖြင့်ပြိုကျပြန်ရာကယ်ဆယ်နေကြသူ၊
မီးသတ်(၁၂)ဦး၊ကြက်ခြေနီ(၁)ဦးအရပ်သား(၁)ဦးတို့ဒဏ်ရာအသီးသီးရရှိကြပြီးချက်ချင်းအရေးပေါ်
ဆေးရုံကားဖြင့်ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကြရသည်။



ထိုသို့ဆေးရုံကြီးသို့တင်ပို့ရာတွင်အောက်ပိုင်း ခြေထောက်နှစ်ချောင်းအုတ်ပုံမိ၍ခြေကျိုး၊ရင်ဘတ်အောင့်
နေသူဒဏ်ရာရှင်ဦးမင်းနောင်(၅၆)နှစ်အားဆေးရုံကြီးအရေးပေါ်တင်ပို့ကုသရာမှ(၄၊၄၊၂ဝ၁ဝ)တနင်္ဂနွေ
နေ့လယ်(၁၁)နာရီခွဲအချိန်က ကွယ်လွန်သွားကြောင်း သိရှိရသည်။ ရန်ကုန်မြို့ ၊ကျောက်တံတား
မြို့နယ်၊မဟာဗန္ဓုလပန်းခြံလမ်း၊အမှတ်(၇၄)ဘဏ်ရိပ်သာနေဦးလက်ချယား၊ဒေါ်ဆပ်သမားတို့၏သား၊
ဒေါ်အေးအေးမြင့်၏ခင်ပွန်း မခင်မိုးမြင့်၊မောင်မင်းသူ၊ မမေသူဟိန်း တို့၏ဖခင်ဦးမင်းနောင်
(အရန်မီးသတ်ဒုတိယတပ်ခွဲမှူး)အားရေဝေးသုဿန်တွင်ဧပြီလ(၅)ရက်(၂)နာရီကမြေမြှပ်သဂြိုင်္ဟ်ရာ
ရန်ကုန်မြို့နယ်ပေါင်းစုံမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လိုက်ပါ ပို့ဆောင်ကြောင်း သိရှိရသည်။