ယနေ့သင်္ကြန် အကြတ်နေ့ နေလည် ၃နာရီ ၁၀မိနစ်အချိန်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးဥယာဉ်ကန်ပါတ်လမ်း ရှိ ရေကစားမဏ္ဍပ် တစ်ခုဖြစ်သောX2o မဏ္ဍပ်တွင် ဗုံးပေါက်ကွဲ မှုတစ်ခုဖြစ်ပွားခဲပါသည်.။
ယနေ့ပေါက်ကွဲသောဗုံးပေါက်ကွဲသံဟာအလွန်ကျယ်လောင်သောအသံဖြစ်သည့်ဟုလည်းကြားသိခဲ့ရ
ပါသည်.။ယခုအချိန်ထိအသေအပြောက်သတင်းကိုသေချာ မသိရှိသေးပါ.။
ခန့်မှန်းခြေအားဖြင့် သေဆုံးသူ (ရ)ဦးခန့်သိရပြီ၊ဒဏ်ရာရသူများကတော့ တော်တော်များကြောင်းသိ
ရပါသည်.။မြန်မာပြည်သူများအနေဖြင့်စိတ်အေးချမ်းသာစွာဖြင့်ရေကစားမဏ္ဍပ်များတွင်မကစားတော့
ပါ.။
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ရှေ့မှာ အိမ်ပြန်မရောက်ေ
မိဘများ ဒဏ်ရာရထားသော လူနာများ၏ လူနာရှင်များ ပြည့်နှက်နေပြီး အတွင်းကို လူနာရှင် အနည်း
ငယ်သာ ပေးဝင်ပါတယ်။ အထဲနဲ့အပြင် လူနာနှင့် လူနာရှင် အဆက်အသွယ်လုပ်ဖိ
နေပါတယ်။ စကားပြောနိုင်သေ
ဆုံးသတင်းရရှိပါသည်.။
ဒီသတင်းကြားသိရချိန်တွင်မြန်မာပြည်သူများအားတော်တော်လေးကိုစိတ်မကောင်းဖြစ်ခဲ့ရပါသည်.။
နအဖ လက်ထက်တွင် ပေါက်ကွဲမှုများဖြစ်ပွားတိုင်း ပြည်ပအားကိုးပုစိန်ရိုးဆိုပြီး ပြည်ပ မှအတိုက်အခံ
များကို ပြောဆိုလေ့ရှိပါသည်.။
မြန်မာပြည်သူများတွင် ပေါက်စရာဗုံးမပြောနဲ့ ကစားစရာဗုံးတောင်ကိုင်ခွင့် မပြုထားသော နအဖ
စစ်အုပ်စု များက သူတို့၏လုပ်ကြံဇာတ်လမ်းများကို ပြုလုပ်ရာတွင်ပြည်သူများအနေဖြင့် အမြဲတမ်း စတေးခံရပါသည်.။ယခုလိုပေါက်ကွဲမှုမျိုးကိုလဲနအဖမှတမင်ဖန်းတီးထားခဲ့ခြင်းသာဖြစ်ပါသည်.။
သတင်းထပ်မံရရှိပါက ဖော်ပြပေးပြီ ဓာတ်ပုံ များနှင်တ့ကွ တင်ပြပေးသွားပါမည်.။

ဤအပေါ်မှဓာတ်ပုံများအား ဘလော့ဂါညီလင်းဆက်ထံမှ ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်.။
.............................................................................................................................................
ပေါက်ကွဲမှုအပြီးတွင် နအဖ စစ်အစိုးရရဲ့ ယာဉ်ထိန်းရဲများပြာယာခတ်နေသောပုံရိပ်တချို့မြင်ကွင်း

..............................................................................................................။