18 March 2010

မြန်မာပြည်ဖွားအမေရိကန်နိုင်ငံသားကိုကျော်ဇောလွင်(ခ) ကိုညီညီအောင်အားအာဏာပိုင်များကယနေ့တွင်ပြန်လည် လွတ်ပေးလိုက်ပါကြောင်း...



အင်းစိန်ထောင်မှာ မတရားပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတဲ့ ကိုညီညီအောင်(ခ)ကိုကျော်ဇောလွင်အား အင်းစိန်ထောင်တွင်း တောင်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ်(၃)နှစ် ချမှတ်ခြင်းခံခဲ့ရသည်။

အင်းစိန်ထောင်တွင်းက တောင်ပိုင်းခရိုင်တရားရုံးမှာ ကိုညီညီအောင် အမှုကို အမိန့်ချပါတယ်။ ပုဒ်မ
၄၆၈ မှတ်ပုံတင်အတုပြုမှု၊ ပုဒ်မ (၂၄)(၁) ငွေလဲလှယ်မှု နဲ့ ပုဒ်မ ၆ (၃) မှတ်ပုံတင် ဥပဒေအမှုတွေနဲ့ချ
တာပါ။ စုစုပေါင်း (၅)နှစ်ပါ .... ဒါပေမယ့် တပေါင်းတည်း ကျခံစေရမယ် ဆိုတဲ့ အမိန့်ကြောင့်(၃)နှစ်
ကျခံဖို့ အမိန့်ချလိုက်ပါတယ်။ "


မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ(၃)ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး စက်တင်ဘာလ(၁၇)ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ ကိုညီညီအောင်အား လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှု တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုတို့ဖြင့် စစ်အစိုးရမှ တရားစွဲဆိုခဲ့ပါတယ်။

ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင် အာဏာပိုင် များကယနေ့ နေ့လည်(၁)နာရီခွဲခန့်တွင် အင်းစိန်ထောင် မှပြန်လည် လွတ်ပေးခဲ့သည့်ဟုသတင်းရရှိပါသည်.။ကိုကျော်ဇောလွင်(ခ) ကိုညီညီအောင် အားအမေရိကန်သံရုံးမှတဆင့် အမေရိကန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဟုလည်းသိရပါသည်.။