17 March 2010

စစ်အာဏာရှင်လက်ခုပ်ထဲက၂၀၁၀ရွေးကောက်ပွဲ လုပ်မည့်ဥပဒေစာအုပ်ကို စစ်ခွေးများစတင်ရောင်းရှိ...



ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို စာအုပ်အဖြစ် စတင်ဝယ်ယူ နိုင်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါဥပဒေများကို မတ်လ ၉ ရက်နေ့မှစ၍ နေ့စဉ်ထုတ်သတင်းစာများတွင် အချပ်ပိုအဖြစ်ထည့်သွင်းဖော်ပြခဲ့ပြီး စာအုပ်များအဖြစ်လည်း ပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်းဖြစ်သည်။


''စာအုပ်အဖြစ် ၀ယ်ယူ ရရှိခဲ့တဲ့ စာအုပ်တွေက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥပဒေ စာအုပ်နဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေစာအုပ်ဖြစ်ပါတယ်''ဟု မတ်လ ၁၂ ရက်နေ့တွင် စာအုပ်များကို ၀ယ်ယူရရှိခဲ့သည့် နိုင်ငံအရေးစိတ်ဝင်စားသူ လူငယ်တစ်ဦးကပြောကြားခဲ့သည်။

စာအုပ်များ၏ ဈေးနှုန်းမှာ ကျပ် ၂၀၀ ဖြစ်ကြောင်း အဆိုပါလူငယ်၏ ပြောကြားချက်အရသိရသည်။

၂၀၁၀ ပြည့်နှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ များကို ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ခဲ့သောဥပဒေများမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ ဖြစ်ကြသည်။

မေလ်းထဲက နေပြန်လည်ဖော်ပြပေးလိုက်ပါသည်.။