20 March 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်သည် အရေးပေါ်ပြင်ဆင်ရန်လိုအပ်..

နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်တာကို ရပ်ထားရတဲ့အပြင် ခြံစည်းရိုးလည်း ပြိုကျ ပျက်စီးနေလို့ အရေးပေါ်ပြင်ဆင်ဖို့ လိုနေပါတယ်လို့ သူ့ရဲ့ရှေ့နေ ဦးဉာဏ်ဝင်းက ပြောကြားပါတယ်။ တက္ကသိုလ်ရိပ်သာလမ်းဘက်က ခြံစည်းရိုး ပြိုကျပျက်စီးနေပုံကို ဦးဉာဏ် ဝင်း က ခုလို ပြောပြပါတယ်။


“အဲဒီဝါးကပ်တွေက ကြာတော့ ဆွေးမြည့်နေပြီ၊ ပျက်စီးနေပြီ၊ ခြုံနွယ်ပိတ် ပေါင်းတွေ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒါကို ပြန် လည် ပြင်ဆင်လိုတယ်ဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေ၊ လုံခြုံရေး တာဝန် ယူတဲ့ လူတွေကို ပြောပါတယ်။ အဲဒီကိစ္စအတွက် လိုအပ်တဲ့ ရေးသားတင်ပြချက် ကျနော် ဒီညနေပဲလုပ်ပြီးတော့ ပြန်လာပါတယ်။”


ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းက နေအိမ် လုံခြုံ ရေး အတွက် ပြင်ဆင်မှုတွေ လုပ်တာကို သူ့အစ်ကို ဦးအောင်ဆန်းဦးက တားမြစ်တဲ့ အတွက် ရပ်ဆိုင်းထားခဲ့ရတာပါ။ အမေရိကန်နိုင်ငံသားတဦး အိမ်ထဲကျူးကျော်ဝင်ရောက်မှုကို အကြောင်းပြု ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရ အာဏာပိုင်တွေက နေအိမ်အ ကျယ်ချုပ် ၁၈ လ ချမှတ်ထားတာပါ။ လက်နက်ကိုင်အစောင့်အကြပ်တွေ ရှိနေတဲ့ကြားက ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်ဝင်းထဲကို ကျူးကျော်ဝင်ရောက်သွားခဲ့တဲ့ အမေရိကန်နိုင်ငံသား ဂျွန်ယတ် ထောကို စစ်အစိုးရက လွတ်ငြိမ်းခွင့်ပေးပြီး အမေရိကန်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။


သတင်းရင်းမြစ် ..DVB