15 March 2010

မြန်မာနိုင်ငံလူအခွင့်ရေးနေ့ ကို ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ ဘာကလေမြို့မှာ ကျင်းပပြုလုပ်



မတ်လ (၁၃) ရက်နေ့တွင်ကျရောက်သော မြန်မာနိုင်ငံလူအခွင့်ရေးနေ့ ကို ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ ဘာကလေမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို Burmese American Democratic Alliance
(BADA) အဖွဲ့မှ ကြီးမှုးကျင်းပတာဖြစ်ပါတယ်။ အခမ်းအနားပွဲကို အမေရိကန်လူမျိုးများ၊ အမေရိကန်ရောက်မြန်မာများ နှင့် ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာ့ဒီမိုကရေစီ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များလည်း တတ်ရောက်ကြပါတယ်..။



အခမ်းအနားပွဲမှာ BADA အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို သတင်းမှတ်တမ်းနဲ့ ရှင်းလင်းပြသမှုတွေလုပ်ခဲ့ကြပါ
တယ်..။အခမ်းအနားမှာ တတ်ရောက် စကားပြောကြားသူတွေကတော့NCGUB မှ ဒေါက်တာစိန်ဝင်း (လက်ရှိနိုင်ငံရေး အခြေအနေတွေကို ရှင်းပြသွားခဲ့ပါတယ်၊




Align Center
အထူးသဖြင့်ရွေးကောက်ပွဲဥပဒေတွေရဲ့ မတရားမှု့တွေကို ရှင်းပြခဲ့ပါတယ်။) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ ဟောင်းတစ်ဦး ဖြစ်သူ ကိုတိုးလွင် ( ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုနှင့် ခန္တီးအကျဉ်းထောင် ငရဲခန်းများအကြောင်းကိုရှင်းပြခဲ့ပါတယ်။)တို့ ဖြစ်ကြပြီး ဧည့်သည် နောက်တစ်ဦးကတော့ အမျိုးသမီး တစ်ဦးဖြစ်သူ ဖြစ်ပါတယ်။ သူမကတော့ သူမမိသားစုထွက်ပြေး လွတ်မြောက်ခဲ့ပုံတွေကို ရှင်းပြခဲ့ပြီးကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွေနဲ့ ကလေးတွေအပေါ်လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကိုရှင်းပြခဲ့တာပါ။




အခမ်းအနားကို ဆက်လက်ပြီးကျင်းပရာမှာ မြန်မာပြည်ထဲမှာ ဒုက္ခတွေကြုံတွေ့နေကြတဲ့ ပြည်သူလူထုရဲ့နာဂစ်မုန်တိုင်းတုန်းက ဆိုးဝါးမှုတွေ၊ နယ်စပ်ဒေသတစ်လျှောက် ဒုက္ခသယ်စခန်းတွေမှာ အတိဒုက္ခရောက်နေကြသူတွေ အကြောင်းကို သတင်းမှတ်တမ်းနဲ့ပြသခဲ့ကြပါတယ်.။လူပေါင်းနှစ်ရာကျော်နီးပါး တတ်ရောက်ခဲ့ကြတဲ့ ဒီအခမ်းအနားကို ညနေ(၆)နာရီမှ ည(၁၀)နာရီအထိ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။




သတင်း(BAYMYANMAR NEWS). အားကျေးဇူးတင်ပါသည်.။