20 March 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ် ကရွေးကောက်ပွဲ ဥပဒေကြောင်းအရ စိန်ခေါ်မည်..




စစ်အစိုးရက ထုတ်ပြန်နေတဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ တရား မျှတမှု မရှိတဲ့အတွက် တရားရုံးဆီ တိုင်ကြားခြင်းအပါအဝင် ဥပဒေကြောင်းအရ စိန် ခေါ်မှုတွေကို ဆက်လုပ်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုလိုက် ပါတယ်။


ဒီနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ပါရှိလာတဲ့ ပါတီများမှတ်ပုံတင် နည်းဥပေဒနဲ့ ပတ်သက်ပြီး မေးမြန်းစဉ် ပြန်ကြားရေးအဖွဲ့ဝင်လည်းဖြစ် ဥပဒေ အ ထောက်အကူပြု အဖွဲ့ဝင်တဦးလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက အခုလို တုံ့ပြန်ခဲ့တာပါ။ ဒီကိစ္စအတွက် ဦးတင်ဦးခေါင်းဆောင်တဲ့ ဥပဒေအထောက်ကူပြုအဖွဲ့က ဒီ နေ့ အစည်းအဝေးလုပ်ဆုံးဖြတ်ခဲ့ပြီး မကြာခင်မှာ တရားရုံးဆီတင်တော့မှာ ဖြစ် တယ်လို့ အန်အယ်လ်ဒီပါတီ ပြန်ကြားရေး အဖွဲ့ဝင်လည်းဖြစ်၊ ဗဟိုဥပဒေ အ ထောက်အကူပြုအဖွဲ့ဝင်လည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောကြားခဲ့ပါတယ်။


“ဒီဥပဒေ ထွက်လာတဲ့အခါမှာ ကျနော်တို့ ဘာမှ သီးခြား ထပ်ပြောစရာ မရှိဘူး။ စကတည်းက ပါတီ မှတ်ပုံတင်ခြင်း ဥပဒေက တရားမျှတမှု မရှိဘူး။ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူး။ ပါတီ တခု ပုဂ္ဂိုလ်တဦးအပေါ်မှာ ထိခိုက်အောင် ရည်ရွယ်တယ်လို့ ထင်စရာ ရေးသားချက်တွေ ပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ ဂုဏ် သိက္ခာလည်း ထိခိုက်တယ်။ ဥပဒေရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်တယ်။ ဒါ ကျနော်တို့ ပြောပြီးသားပါ။”

သတင်းရင်းမြစ်...DVB