20 January 2010

ထိုင်းနိုင်ငံ နို့ဘို့ဒုက္ခသည် စခန်းတွင် ယနေ့ ဒုက္ခသည်များ၏စိတ်ဖိစည်းမှု များကို UNHCR မှတာဝန်ရှိသူအား ငြိမ်းချမ်းစွာဖြင့်ဖော်ထုတ်ပြသကြခြင်း..။






















ယနေ့  (၁၉၊ ၁၊ ၂၀၁၀) ရက်နေ့ နေလည် (၁) နာရီခန့်တွင် ထိုင်းနိုင်ငံရှိ နို့ဖိုးဒုက္ခသည်စခန်း စခန်းရုံး
ဘေးမှ UNHCR ရုံးရှေ့တွင် တတိယနိုင်ငံသို့  ထွက်ခွာခွင့် မရသေးဘဲ အချိန်ကြာမြင့်စွာ နေထိုင်နေကြ
ရသော မြန်မာဒုက္ခသည်များ၊တတိယနိုင်ငံသိုထွက်ခွာခွင့်ငြင်းပယ်ခံရသောမြန်မာဒုက္ခသည်များနှင့်တတိ
ယနိုင်ငံထွက်ခွာရေးနှင့် ပတ်သက်၍ ကြန့်ကြာစွာ စောင့်ဆိုင်းနေကြရသော မြန်မာဒုက္ခသည်များမှ ဆန္ဒ
ပြခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရရှိသည့် အချိန် (၂) နာရီ (၄၀) မိနစ်အထိ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြနေကြဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

UNHCR တာဝန်ရှိသူ ဘရာရမ်မှ ဒုက္ခသည်များ၏ ကိုယ်စားလှယ်တဦးစီကို ခေါ်ယူဆွေးနွေးနေသော်
လည်း တိကျသည့်အဖြေတခုမျှမရရှိသေးကြောင်းသိရှိရပါသည်။နို့ဘိုးဒုက္ခသည်စခန်းတွင်းမှအမေရိကန်
နိုင်ငံမှာရီချက်ပေးထားသောသူများနှင့်အမေရိကန်နိုင်ငံမှဆိုင်းငံခြင်းကိုခံထားရသောနိုင်ငံရေးအကျဉ်း
သားများနှင့်မြန်မာ့ဒီမိုကရေစီအရေးကိုလှုပ်ရှားလုပ်ကိုင်နေကြသောအဖွဲ့အစည်းများနှင့်ပါဝင်ပတ်သက်
လျက်ရှိသော သူများကို အမေရိကန်နိုင်ငံမှ ဆိုင်းငံထားလျက်ရှိပါသည်.။

OPE,DHS တွင် အင်တာဗျူး ကိုပြုလုပ်ရာတွင် မြန်မာ့ဒီမိုကရေစီအရေးကို လုပ်ကိုင်နေကြသော
အဖွဲ့စည်းများ၏ထောက်ခံစာများ၊အဖွဲ့ဝင်များကိုလုံးဝခိုင်လုံသောအကြောင်းပြချက်ကိုမပေးဘဲဆိုင်း
ငံထားခြင်းများကိုပြုလုပ်ထားပါသည်၊နောက်ABSDFမှကျောင်းသားရဲဘော်များနှင့်တခြားလက်နက်
ကိုင်အဖွဲ့အစည်းများကိုအကြမ်းဖက်တဲ့ဆိုပြီးရီချက်စာများကိုပေးပြီတတိယနိုင်ငံသို့ရွေ့ပြောင်းခြင်း
ကိုယနေ့ထိသေချာလုပ်ဆောင်မပေးသေးပါ.၊.နောက်နိုင်ငံသို့ရွေ့ပြောင်းခြင်းကိုလည်းOPE,DHSမှ
မလုပ်ပေးဘဲရီချက်နှင့်ဟိုးခေါ်ဆိုင်းငံခံထားရသောသူများကိုအိမ်မက်တွေသာပေးခဲ့ပါသည်.။အတိ
အကျအဖြေကိုလုံးဝမပေးခဲ့ပါ.၊တကယ်တန်းကျတော့ဘာကြောင့်ဆိုင်းငံထားသည်ကိုလည်းသေချာ
ပြောခဲ့ခြင်းမရှိသေးပါနိုင်ငံရေးနှင့်ဘာမှမပါတ်သက်ဘဲOPE,DHSအင်တာဗျူးတွင်ကိုယ့်ဘိုင်အိုများကို
လိမ်လည်ပြီးဖြေဆိုသွားခဲ့ကြသောသူများနှင့်နိုင်ငံရေးနှင့်ဘာမှမပါတ်သက်စီးပွားရေးကိုသာလုပ်
ကိုင်နေကြသည့်ဒုက္ခသည်အတုအယောင်များကိုကျတော့လွတ်လပ်စွာ အမေရိကန်နိုင်ငံသို့ သွားခွင့်ပြုခဲ့ပါသည်.။

ယခုတွင်နို့ဘိုးဒုက္ခသည်စခန်း၌ရီချက်များဖြစ်သော ကျောင်းသားတပ်မတော် မှABSDF မှကျောင်းသား
များမြန်မာနိုင်ငံအတွင်းနှစ်ရှည် ထောင်ဒဏ်များကို ကျခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားများကိုကျတော့
ဟိုးခေါ်ဆိုင်းငံခြင်းကိုခံထားရသည့် ဒုက္ခသည် များသာကျန်ရှိခဲ့ပါသည် ထိုသို့ပြုလုပ်မှုတွေ ကိုလုပ်ခံရ
သောသူများတွင်တချို့မှာစိတ်ပိုင်းဆိုင်ရာအားနည်းပြီးရှုးသွပ်မှုများဖြစ်ပေါ်ခြင်း၊အိမ်ထောင်ရေးများပြို
ကွဲခြင်း၊မိမိကိုယ်ကိုယ့်စိတ်ဓာတ်တွေကျဆင်းပြီးစိတ်ကျရောဂါများခံစားနေကျခြင်း၊ကျန်းမာရေးချို့ယွင်း
မှုများဖြစ်ပြီးအသက်သေးဆုံးသွားခြင်းများနှင့်အမေရိကန်သို့သွားမည်ဆိုပါကရီချက်နှင့်ဆိုင်းငံခံထားရ
သောခင်ပွန်းသည်အားကွဲပြီးမိန်းမနှင့်သားသမီးများကအမေရိကန်သို့သွားလိုလျှင်အင်တာဗျူးကိုပြန်
လုပ်နိုင်ကြောင်းကိုလည်းအမေရိကန်နိုင်ငံသို့သွားရန်တာဝန်ယူထားပေးသောOPE,DHSမှတာဝန်ရှိ
သူများကပြောကြားခဲ့ပါသည်..။ဤလုပ်ရပ်ကြီးဟာအင်မတန်ကိုရက်စက်ရာလည်းရောက်ပါသည်.၊
မိသားစုများအားတကွဲတပြားဖြစ်အောင်လုပ်သလိုမျိုးကြီးကိုတမင်ဖန်တီးနေတာလို့တောင်ထင်ရ
လောက်ပါသည်.။

ကိုယ့်အမိမြန်မာပြည်တွင် ထိုသူများအနေဖြင့် ပြန်လည်ပြီးအပို့ခံရခြင်းများကိုပြုလုပ်မည်ဟု UNHCR
မှ ယခုလ(၆)ရက်နေ့တွင်ပြောကြားသွားခဲ့ပါသည်.။ထိုသူများမှရွေးစရာလမ်းများတကယ်ပင်ဘဲပြောက်
ဆုံးခဲ့ရပါသည်.။နောက်တခုမှာUNHCRနှင့်ထိုင်းနိုင်ငံမှတရားဝင်ဒုက္ခသည်ဟုပြုလုပ်ပေးထားသောသူ
များကိုလည်း၂၀၀၆ခုနှစ်နှင့်၂၀၀ရခုနှစ်ဆိုပြီးခွဲ့ခြားပြီး၂၀၀ရခုနှစ်တွင်ရောက်ရှိသောသူများအားတတိယ
နိုင်ငံသို့သွားခွင့်မရှိတော့ကြောင်းပြောကြားသွားပြန်သည်။၂၀၀ရခုနစ်တွင်ရောက်ရှိပြီးယခုတွင်အမေရိ
ကန်နိုင်ငံသို့ရောက်ရှိပြီး(၁)နှစ်ကျော်လောက်ရှိသောသူများရှိကြောင်းကိုဒုက္ခသည်များကထောက်ပြကြ
သောအခါUNHCRမှတာဝန်ရှိလူကြီးက သူတို့သတိမထားမိတာ ဖြစ်သည်ဟုပြောပြန်သည်.။

ထိုသို့ပြုလုပ်မှုတွေသည်လူသားချင်းစာနာနားလည်မှုမှာလုံးဝကိုမရှိကြောင်းထင်ဟပ်ပေါ်လွင်နေပါ
သည်.။ဒုက္ခသည် စခန်းတွင်းနေနေရသည့်စိတ်သောကဖိစီးမှုများကို နေ့တိုင်းခံစားနေရသဖြင့် ယခု
လိုUNHCRအား သူတို့၏မျှော်လင့်ချက် များ၊အသက်ရှင်ခွင့်များကို လူသားချင်းစာနာထောက်ထားမှု
ပေးပါရန် ငြိမ်းချမ်းစွာ သူတို့၏ စိတ်ခံစားမှုများကိုဖော်ပြကြခြင်းသာဖြစ်ပါသည်.။

နို့ဖိုးဒုက္ခသည်စခန်း၏ထိုင်းနိုင်ငံသားလုံခြုံရေးအရာရှိမှUNHCRနှင့်ဆန္ဒပြသူများကြားတွင်ညှိနှိုင်းဖြေ
ရှင်းပေးလျှက် ရှိနေကြောင်းနှင့် အဆိုပါ မြန်မာဒုက္ခသည်များ ဆန္ဒပြမှုနှင့် ပတ်သက်၍ ဆက်သွယ်
မေးမြန်းနိုင်သောဖုန်းနံပတ်များမှာ၀၅၅၅၇၇၃၈၆၊၀၅၅၅၇၇၃၈၉နှင့်၀၅၅၅၇၇၃၂၆ဖြစ်ကြောင်းသိရှိရပြီး
အဆိုပါဒုက္ခသည်စခန်းအတွင်းမှ ဆိုင်ဖုန်းဖြစ်ပြီး ကိုလှအေးနှင့် အခြားသက်ဆိုင်ရာ ဆန္ဒပြမှုတွင်ပါဝင်
သူတဦးဦးကို ခေါ်ပေးပါရန် ပြောကြားနိုင်ကြောင်း ဖေါ်ပြထားပါသည်။

ယခုထပ်မံသိရှိရသော သတင်းအရ အဆိုပါဖုန်းများကို အဆက်အသွယ်ဖြတ်ထားကြောင်း သိရှိရပါ
သည်။

ဤသို့ မြန်မာတွေ ဒုက္ခသည် ဘဝသို့ရောက်ရခြင်းမှ ကျမတို့ မြန်မာနိုင်ငံကိုယနေ့ အုပ်ချုပ်နေသော မင်းဆိုးမင်းညစ် စစ်အစိုးရ နအဖ တွေကြောင့် သာမြန်မာလူမျိုးများဟာဒုက္ခသည် အဖြစ်သို့ ရောက်ရှိလာခြင်းသာဖြစ်ပါသည်.။နအဖ ၏လုပ်ရပ် များကြောင့် ပြည်သူလူထုတွေဟာ အမိနိုင်ငံ
မှာ မနေနိုင်တော့ဘဲ အမိနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်းရင်ဒုက္ခသည်စခန်းသို့သာ ထွက်ပေါက်
တခုအဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်.။