17 January 2010

မြန်မာပြည်သား ဒုက္ခသည်များ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်း တွင်နေနေကြတဲ့ ဒုက္ခသည်ဘဝ..။

မြစ်ချောင်းရေများ စီးဆင်းသလို တသွင်သွင် စီးကျလာတဲ့ မျက်ရည်များက ချောမွေ့ လှတဲ့ သူမ ပါးပြင်နဲ့ မလိုက်အောင် နာကျင် ခါးသီးမှုများနဲ့အတူ အတားအဆီး ကင်းမဲ့စွာ တရှိန်ထိုး ဖြိုဖြိုဖြိုက်ဖြိုက် သွန်ချလာတဲ့ မျက်ရည်စက်များကို ဘယ်ဖက်လက်နဲ့ ငြင်သာစွာ သုပ်ဖယ်လိုက်ပါတယ်။

တချိန်တည်းမှာပဲ ငိုသံနဲ့အတူ ကွဲအက်နေသော အသံနဲ့ စကားလုံးတွေက ထွက်ကျလာပါတယ် “တခါတလေကျတော့ ပြန်စဉ်းစားလည်း မကောင်းဘူး စိတ်အခက်အခဲဖြစ်တယ် ပြောရင်လည်း မကောင်းဘူး”

အဲဒီလိုပြောပြီးငိုနေတဲ့ သူက အသက် ၄၀ အရွယ်ရှိတဲ့ ခလေး ၂ ယောက်အမေ ပိုလေးနာပဲ ဖြစ်ပါတယ်။

ဒုက္ခ္ခသည် လူသစ်တွေ နေထိုင်ဖို့ ဝါးနဲ့ ဆောက်လုပ်ထားပေးတဲ့ ဘားတိုက် တန်းလျားအရှည်ကြီးမှာ သူမက အခန်းကျဉ်းလေး တခုရဲ့ရှေ့ လှေခါးထစ်မှာ ထိုင်ပြီး ဦးတည်ရာမဲ့နေသော မျက်ဝန်းတစုံက အဝေးတနေရာကို ငေးမျှော်နေရင်း အတွေးဝင်္ကင်္ပါထဲက နစ်မျှောနေတဲ့ သူမရဲ့ အာရုံကို ဖမ်းဆုပ်နိုင်ဖို့် ခက်ခဲသလို ဘာတွေ စဉ်းစားနေတယ်ဆိုတာ သူမကိုယ်တိုင်တောင်မှ သိမယ် မထင်ဘူး။

“ပြန်စဉ်းစားမိတာ တကယ်ဝမ်းလည်း ဝမ်းနည်းတယ် တွေးရင် ခေါင်းကိုက်တယ် ဒါပေမဲ့ စိတ်ချမ်းသာနိုင်အောင် ကျမ ကြိုးစားနေမယ် မေ့ပစ်ချင်တယ်” လို့ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေကို သူမ ရင်နာနာနဲ့ ပြန်လည်ပြောပြပါတယ်။

သူပုန်နဲ့ ဆက်သွယ်တယ်လို့ အစွပ်စွဲခံရတဲ့ ပိုလေးနာက မြန်မာစစ်အစိုးရ တပ်မ ၅၄၄ ဗိုလ်မှူး တယောက်ရဲ့ ခြိမ်းခြောက်မှုကို ခံရတဲ့အတွက်ကြောင့် ကရင်နီပြည်အမှတ် (၁) ခရိုင်အတွင်းမှ ရှိတဲ့ ဟိုမန်း ရွာကို စွန့်ပြီး အမှတ် (၂) ကရင်နီဒုက္ခ္ခသည် စခန်းကို ယခုလ ၂ ရက်နေ့မှာ ထွက်ပြေးလာခဲ့ပါတယ်။

“သူကျမကို သေနတ်တိုနဲ့ပေါ့နော် သေနတ်တိုနဲ့ ကျမကို ပစ်သတ်မှာပေါ့၊ ဒီကရင်နီ ဗိုလ်မှူးဘယ်သူလဲ မင်းဖော်ရမယ် သူတို့ဘယ်လမ်း ခရီးနဲ့ သွားလာလဲ ငါ့ဖော်ရမယ်” လို့တုန်ယင်နေတဲ့ အသံတွေနဲ့ သူမ ပြောပြပါတယ်။

အဲဒီ ဗိုလ်မှူးက သူမ့အိမ်ကို လာပြီး ဒီလိုမျိုး ခြိမ်းခြောက် တာ ၃ခါ ရှိပါပြီ။ မိန်းမသား တယောက်အနေနဲ့ ခံနိုင်ရည် ဘယ်လိုရှိနိုင်ပါ့မလဲ။ သူမက ဘယ်သူနဲ့မှ အဆက်အသွယ် မရှိပါဘူး၊ အိမ်ကို ရောက်လာတဲ့ ဧည့်သည်တွေကလည်း တခါတလေမှ လာတတ်တဲ့ ကလလတ (ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး) အဖွဲ့တွေနဲ့ အင်ဥ၊ ဖွတ်၊ လိပ် ရှာထွက်ကြတဲ့ နားမန်းဘက် က ရွာသူရွာသားတွေပဲ ဖြစ်တယ်လို့ ပြောပါတယ်။

“နင်မသိဘူးဆို မဖြစ်နိုင်ဘူးတဲ့ နောက်ရက်ကျရင် မနက်ဖြန်နောက်တရက်ပဲကျန်မယ် မေးတဲ့ချိန်မှာ မင်းဖြေရမယ်တဲ့ မဖြေလို့မရဘူးတဲ့ မဖြေရင်ကျနော်နဲ့နင်နဲ့ တွေ့မယ်တဲ့” ကျမလည်း စဉ်းစားပြီး ဒီမှာနေရင် သေမှာပဲဆိုမှ ကလေးကိုခေါ်ပြီး ထွက်လာလိုက်တယ် လို့ပြောပါတယ်။

ကရင်နီပြည်အမှတ်(၂)ခရိုင်၊ ကဝေါ်ထာရွာမှာ နေတဲ့ အသက်(၃၅)အရွယ်ရှိ စောလွဲမူးဒိုကလည်း စစ်အစိုးရက စစ်သားတွေ ရွာထဲဝင်လာလို့ ပြေးလွှားနေရတယ်လို့ ယခုလိုပြောပြပါတယ်။

“သူတို့တွေလာပြီး သူတို့နောက်လိုက်ဖို့ ပေါ်တာ ခေါ်လိုက် နောက်နင့်ကို အမျိုးမျိုးကြောက်အောင်လုပ်တယ် တခါတလေနေရတယ် တခါတလေ ထွက်ပြေးရတယ် အဲလိုတွေလုပ်တယ်” အရင်တုန်းကလမ်းမှာ တွေ့တိုင်း သတ်ပေမဲ့ အခုဆိုပေါ်တာ ခေါ်ပြီးတော့ အနှောက်အယှက်ပေးတာ တော်တော် ဆိုးတဲ့အတွက် ရွာကနေ ထွက်ခွာလာရတာ ဖြစ်တယ်လို့ စောလွဲမူးဒိုက ပြောပါတယ်။

အမှတ်(၂)ခရိုင်၊ ကော်ရီခီးကနေ အသက်(၃၀)အရွယ်ရှိ နော်ရီဘက်ခါ ကလည်းသူမရဲ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

“စစ်သားတွေတက်တယ် အဲလိုမျိုးပြေးလွားရတယ်ပေါ့ အဲဒါသူတို့တက်မယ်ဆို လူကြီးတွေတွေ့တယ် အဲမျိုးလာပြောပြခါကျ တော့ သွားပုန်းနေရတယ်”

ဒုက္ခကြားက ဒုက္ခ္ခရောက်နေတဲ့ရွာသူရွာသားတွေကို မစာနာပဲ ကိုယ်လိုရာ ဆွဲသွင်းတတ်တဲ့ စစ်အစိုးရ ဟာ “စစ်အစိုးရ” ဆိုတဲ့ စကားလုံး နာမ ကို ကြားမိလိုက်တာနဲ့ ရွာသူရွာသားများ အားလုံးလိုလိုက သရဲတစ္ဆေ္ဆကို ရုတ်တရက် တွေ့လိုက်ရသလို ထိတ်လန့်သွားပြီး သွေးမရှိတော့တဲ့ မျက်နှာမျိုးနဲ့ ခါးသီးနာကျင်မုန်းတီးနေတဲ့ သူတို့လေးတွေရဲ့ စိတ်တွေ သွေးသားတွေထဲမှာ ဘယ်တော့မှ ဖျောက်နိုင်တော့မှာ မဟုတ်ဘူး။

ကရင်နီပြည်တွင်းက စစ်ပြေးဒုက္ခသည်တွေဟာ နေပူမရှောင် မိုးရွာမရှောင် ကြိုးစားပမ်းစားနဲ့ လယ်ယာမြေယာတွေကို ရိုးသားစွာ လုပ်ကိုင် စားသောက်နေကြရပါတယ်။ တရက်စာတရက်စာ ပင်ပင်ပန်းပန်းနဲ့ရှာဖွေစုဆောင်းရတဲ့အစားအစာတွေကို စစ်တပ်တွေကမစာနာဘဲ အတင်းတောင်းယူစားကြတယ်လို့ ပိုလေးနာကပြောပါတယ်။

သေနတ်တကားကားကိုင်ပြီး “လာတောင်းစားရင် ကိုယ်က မပေးလည်း မကောင်းဘူး ကျမပေးလိုက်တယ်” လို့ပိုလေးနာကပြောပါတယ်။

စစ်တပ်တွေက အစားအစာများရတဲ့အခါကြတော့လည်း “မင်းတို့ကို ငါကြောက်တယ်လို့ ထင်လား ငါမကြောက်ဘူး ကြောက်ရင် ဘယ်တော့မှ ရဲဘော်မလုပ်ဘူး” လို့ ပြောပြီး ရွာသူရွာသား ရှေ့မှောက်မှာ သေနတ်ဖောက်ဖောက်သွားပြီး ခြိမ်းခြောက်မှုတွေလုပ်သွားကြတယ်လို့ပြောပါတယ်။

အဲဒါတွေကြောင့် ရွာသူရွာသားတွေက စစ်တပ်နဲ့ဝေးတဲ့ တောတွေထဲမှာ ပုန်းအောင်းနေထိုင်ကြရပါတယ်။ အချို့ဆိုရင် ထိုင်း-မြန်မာ နယ်စပ်ဘက်ကို ထွက်ပြေးလာကြပါတယ်။

အခုဆို မယ်ဟောင်ဆောင်ခရိုင်က ဒုက္ခ္ခသည်စခန်းအဖြစ် ယာယီ နေထိုင်ရတဲ့ ကရင်နီ ဒုက္ခ္ခသည်စခန်းတွေမှာဆိုရင် လူသစ်ဦးရေတွေ တနေ့ထက်တနေ့ တိုးလာပြီး အခက်အခဲအမျိုးမျိုးကြောင့် ဝင်လာမဆဲ တသဲသဲပါပဲ။

တချို့က စီးပွားရေး အဆင်မပြေမှုကြောင့်၊ တချို့ကတော့ ပညာရေးကြောင့်နဲ့ သူတို့လေးတွေရဲ့ ဘဝဖူလုံမှုကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့်က စစ်သားတွေရဲ့ ဖိနှိပ်မှု စစ်သားတွေရဲ့ ခြေဖဝါးအောက်မှာ ရက်စက်မှု မတရား လုပ်ကြံမှုတွေ လုံးဝခံနိုင်ရည် မရှိတော့တဲ့ အဆုံး ဒီစခန်းကို ရောက်လာကြတာ များပါတယ်။

“အဓိက နအဖရဲ့ နှိပ်စက်မှုပေါ့ တချို့မိသားစုတွေက စားဝတ်နေရေးနဲ့ အဲဒီ ကျန်းမာရေးတို့ ပညာရေးတို့ အခက်အခဲပေါ့ ဒီဖက်ထွက်လာ ကြတယ်” လို့ စခန်း၂ က စခန်း အုပ်ချုပ်ရေးကော်မီတီ အတွင်းရေးမှူး ၂ လားဒိုထူး ကပြောပါတယ်။

စခန်း၂ မှာ ဆိုရင် ၂၀၀၉ ခုနှစ်အတွင်းထဲမှာပဲ လူသစ်တွေက ၂၉၃ ယောက် ရောက်ရှိလာပြီး စခန်း၁ မှာဆို ယခုနှစ် မတ်လအထိ ၁၀၄၉ ယောက်ရှိပြီး မတ်လ ၄ ရက် နောက်ပိုင်းမှာဆိုရင် ၄၀၂ ယောက်ရှိနေတယ်လို့သိရပါတယ်။

စခန်း ၁ မှာများသောအားဖြင့် ကရင်နီပြည်ရှားတောတဝိုက်မှ လာကြတာဖြစ်ပြီး စခန်း ၂ မှာ ကတော့ ကရင်နီပြည်အမှတ်(၂) ခရိုင်အတွင်းမှ ဘူးကို၊ ကွားခီး ၊ ဂူဂေါ်ပေါ်၊ ဖောဘူးခိုနဲ့ ရွာဒဂါးရွာများမှထွက်လာကြတာဖြစ်ပါတယ်။

အခုလည်း DKBA နဲ့ စစ်အစိုးရရဲ့ ပူးပေါင်းပြီး ကေအဲန်ယူကို စစ်ပွဲဆင်တဲ့ အတွက်ကြောင့် နှစ်ပေါင်းများစွာ အခြေချ နေထိုင်ခဲ့သော ကိုယ့်နယ်မြေ၊ အိုးအိမ်ကို စွန့်ခွာပြီး ၄၀၀၀ ကျော်ခန့် တာခ့်ခရိုင်ရှိ ဘုန်းကြီးကျောင်းနဲ့ ကယ်ဆယ်ရေး စခန်း (၃)ခုမှာ ယာယီခိုလှုံ နေကြရတယ်။

တချို့က နှစ်ရက်သာ ဖွားထားတဲ့ ကလေးလေးကို ချီပိုးပြီး နေပူ၊မိုးရွာတွေထဲမှာ လျှောက်လှမ်းနေရတာ အမှန်ဆို မီးတွင်း မှာနေရမဲ့ အချိန်ပါ။ ဗိုက်ကြီးသည်တွေ၊ ကလေးတွေ ၊ မသန်မစွမ်း၊ ကိုယ့် အဖိုးအဖွားလောက်ရှိတဲ့အရွယ် စသည့်..စသည့် လူက အခုဆို ဒုက္ခ္ခ တွေ ဘယ်လောက်ခံနေရပြီလဲဆိုတာ ပြောတောင် မပြော လိုက်ချင်တော့ပါဘူး။

သူတို့လေးတွေကဘဝကို သုညကနေ ပြန်စကြရတော့မယ် ။အဲဒါဟာ စစ်အစိုးရရဲ့ လက်ချက်ကြောင့် ၊ စစ်အစိုးရက နယ်မြေကနေ မောင်းထုတ် မှုကြောင့်လို့ပြောရင် မမှားပါဘူး။

အခက်အခဲ အမျိုးမျိုးကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခ္ခသည် လူသစ်တွေအတွက် စခန်းထဲမှာ အပြည့်အဝ အားမခံချက် မပေးနိုင်ဘူး လို့ ကရင်နီဒုက္ခသည်အမှတ်(၁) စခန်းက စခန်းအုပ်ချုပ်ရေးကော်မီတီ ဥက္က္ကဌကပြောပါတယ်။

“ကျမတို့က ပံ့ပိုးတဲ့ အပိုင်းမှာပဲ လုပ်ပေးနိုင်တယ်၊ သူတို့ကို ဒုက္ခ္ခသည်အဖြစ် အသိအမှတ်ပြုဖို့က ဒေသအာဏာပိုင်တွေဖက်က လိုတယ်” လို့ဥက္ကဌကပြောပါတယ်။

ဒီလိုနဲ့ ဘေးဒုက္ခ္ခတွေကို မခံလိုတဲ့ အတွက် ထွက်လာကြတဲ့ ရွာသူရွာသားတွေကို ထိုင်းအာဏာပိုင်တွေက လူသားချင်းစာနာတဲ့ အနေနဲ့ ယာယီခိုလှုံခွင့်ပေးထားခဲ့တာကို ရွာသူရွာသားတွေက ကျေးဇူးတင်မဆုံး ဖြစ်နေကြပါတယ်။

“ထိုင်းအာဏာပိုင်က နေထိုင်ခွင့်ပေးတဲ့ အတွက် ကျမထိုင်းအာဏာပိုင်ရော ထိုင်းဘုရင်မင်းမြတ်ကြီးကိုလည်း အထူးကျေးဇူးတင်ရှိခဲ့ပါတယ်”လို့ ယခုလ ၂၀ရက်နေ့မှာ အမှတ်(၁)ဒုက္ခသည်စခန်းတွင် ကျင်းပပြုလုပ်တဲ့ ကမ္ဘ္ဘာ့ ဒုက္ခ္ခသည်များနေ့မှာ စခန်း ၁ ကော်မတီဥက္က္ကဌက ပြောကြားသွား ခဲ့ပါတယ်။

စခန်း၁ မှာ နှစ်၂၀ လောက် အကြာကြီး လာရောက် ခိုလှုံနေသော မခူဖောက သူ့မရဲ့ ခံစားချက်ကို ယခုလိုထုတ်ဖော်ပြပါတယ်။

“အရမ်းကို ဝမ်းနည်းတယ် ကျမတို့ ရေမြေတွေ အိမ်တွေ ရှိရက်သားနဲ့ ဒီလို ထွက်ပြေးလာပြီး ဒုက္ခ္ခသည်အဖြစ် လာနေရတာ “ဗမာ” စစ်အစိုးရတွေရဲ့ နှိပ်စက်မှုတွေ မခံနိုင်လို့ ကျမတို့ ဒုက္ခ္ခသည်တွေ လာနေရတယ် တကယ်ဆို ကျမတို့ တိုင်းပြည်မှာပဲ နေချင်တယ်”

သူကဆက်လက်ပြီး “ကိုယ့်တိုင်းပြည်ကို ပြန်နေချင်တယ် အစိုးရတွေက မကောင်းလို့ ကျမတို့ပြန်ရင်လည်း ကျမတို့ပဲ ဒုက္ခ တွေ့ရတယ်”

ဥပဒေအကြောင်းလေ့လာဆည်းပူးနေတဲ့ ကရင်နီဒုက္ခသည်ကျောင်းသားတဦးက “ဒုက္ခ္ခသည်မှာ လာနေတာ အခွင့်ကောင်းယူပြီး ဆုံးရှုံးသွားတဲ့ အရာတွေကိုပြန်လည်ရစေဖို့အတွက် အားတင်းထား ပြီးတော့ နေရမယ်” လို့ ကိုယ့်တိုင်း ကိုယ့်ပြည်ကို ပြန်နေရနိုင်ရေးအတွက် ကြိုးစားသွားဖို့ လိုအပ်ပါတယ် လို့ပြောပါတယ်။

ကိုယ့်နယ်မြေကို မပြန်ရပဲ ဒီစခန်းထဲကိုပဲနေရမယ့်အတူတူ ဘဝလုံခြုံမှုပိုမိုအာမခံချက်ရှိတဲ့ တတိယနိုင်ငံကို တဖြည်းဖြည်းထွက်ခွာနေကြပါတယ်။

ဘယ်သူက ဒီလိုဒုက္ခ နွံအိုင် တွေထဲမှာ နှစ်ပေါင်းဆယ်နှင့်ချီပြီး ဘဝကိုအနှစ်မြုပ်ခံ နေနိုင်ပါ့မလဲ။ ဒီလို ဒုက္ခ တွေထဲက နောက် ဝတ်ကြွေး ရှိရင်ကြေပါစေတော့ဆိုတဲ့ စိတ်တွေ ဒုက္ခ္ခသည်ယောက်တိုင်းရဲ့ ရင်ထဲမှာ ရှိနေကြမှာ သေချာပါတယ်။

“တတိယ နိုင်ငံထွက်ခွာချင် လို့ ဒုက္ခ္ခသည်လာဖြစ်နေတာ ဆိုတာ မရှိဘူး ” လို့ စခန်းဥက္က္ကဌ ကပြောပါတယ်။

စခန်းထဲမှာ ဒုက္ခ္ခသည်လို့ အမည်ရှိပေမဲ့ ကျန်းမာရေး ၊ ပညာရေး နှင့် စားဝတ်နေရေးအတွက် နိုင်ငံတကာက လိုလေသေးမရှိအောင် ကူညီ ထောက်ပံ့ပေး နေပါတယ်။

“ကျနော်တို့ ဒုက္ခ္ခသည် ဖြစ်ပေမဲ့လည်း သူများတွေက ကျနော်တို့ကို အထီးကျန်အဖြစ် မချန်ထားဘူး နိုင်ငံတကာတွေက ကူညီစောင့်ရှောက်ပေးပါတယ်” လို့ စခန်း ၂ အုပ်ချုပ်ရေးမှ စခန်း ကော်မတီ ဥက္က္ကဌ က ကမ္ဘ္ဘာ့ ဒုက္ခ္ခသည်များနေ့ အခမ်းအနားမှာ ပြောကြားသွားပါတယ်။

ထိုနည်းအတူ UNHCR ကိုယ်စားလှယ် တယောက်က “ဒီနေ့ဟာဆိုလို့ရှိရင် ကမ္ဘ္ဘာကနေပြီးတော့ ကျမတို့ရဲ့ ဒုက္ခ္ခသည်များ လွတ်မြောက်ဖို့အတွက် သတိရတဲ့နေ့ဖြစ်တယ်”

စခန်း ၁ အုပ်ချုပ်ရေးကို တာဝန်ယူထားတဲ့ပလာအသစ်တယောက်ကလည်း “ ဒီလိုအခမ်းအနားတရပ်ကို ကျင်းပလိုက်တာဆိုတော့ နိုင်ငံတကာကို ကြော်ညာလိုက်တာနဲ့ အတူတူပါပဲ ဘာဖြစ်လဲဆိုတော့ ဘာဖြစ်လို့ ဒီနေရာကိုရောက်ရှိနေတာလဲ ဘာအခက်ခဲကြောင့် ဒီကိုရောက်နေတာလဲ ဆိုတာကို ကမ္ဘ္ဘာကို ကြော်ညာလိုက်တာနဲ့ အဖွဲ့အစည်းတွေအားလုံးကို အကြောင်းကြားလိုက်တာနဲ့ အတူတူပါပဲ”

ဒုက္ခ္ခသည်များဟာ အစားအသောက်အတွက် အလှူရှင်များက သနားစာနာပြီး ပေးကမ်းကြတဲ့အစားအသောက်များကို လောက်ငှအောင် စားသောက်နေရပါတယ်။ သို့ပေမဲ့လည်း ဒုက္ခ္ခသည်တယောက်ရဲ့ဘဝဖြတ်သန်းမှုဟာ လွယ်ကူမယ်လို့
မထင်ပါနဲ့။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ၊ ရုပ်ပိုင်းဆိုင်ရာ စတဲ့ ထိခိုက်မှုတွေ များစွာ ခံစားနေရပါတယ်။
ဘယ်သူမဆို “ဒုက္ခ္ခ” ဆိုတဲ့ ဝေါဟာရ စကားလုံးကို သေမတတ်ကြောက်နေတတ်ကြပါတယ်။ မရှောင်လွဲနိုင်လို့သာ ရင်ဆိုင်ဖြေရှင်းနေရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပိုလေးနာလိုပြည်တွင်းက ရွာပုန်းရွာရှောင်တွေအတွက်ကတော့ ဒုက္ခသည်စခန်းဟာ အနည်းဆုံးတော့ အသက်အန္တာရယ်ကင်းပြီး လုံခြုံစိတ်ချရတဲ့ ကမ္ဘာငယ်လေးတခုမဟုတ်လား…

လူသစ်တန်းလျားရဲ့အခန်းကျဉ်းလေးတခုမှာ ထိုင်နေတဲ့ ပိုလေးနာတယောက် သူမပါးပြင်ပေါ်က မရပ်မနား တသွင်သွင်ကျနေတဲ့ မျက်ရည်စက်တွေနဲ့အတူ “ကျမတော့ ဒီမှာရောက်တာ စိတ်ချမ်းသာတယ်” လို့ပြောချလိုက်ပါတော့တယ်…

ဤဆောင်းပါးကို ဇွန်လ(၂၀)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့အတွက် အမှတ်တရ ရေးသားသည်။