23 January 2010

လူမျိုးခြားအချင်းချင်း ဘာသာခြားအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဆိုင်ရာ ဓါတ်ပုံနှစ်သိမ့်ဆု မြန်မာမှ ရရှိ။

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူး၍ အာရှ-ဥရောပ တွေ့ဆုံမှုအဖွဲ့(ASEM)၏ လူမျိုးခြားအချင်းချင်း ယှဉ်တွဲနေထိုင်ခြင်းဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာတစ်ဦး၏ ဓာတ်ပုံလက်ရာသည် နှစ်သိမ့်ဆုအဖြစ် ရွေးချယ်ချီးမြှင့်ခံရကြောင်း သိရှိရပါသည်။

La Minn Naing "Yes, We Believe in the Interfaith Dialogue" ခေါင်းစဉ်ဖြင့် ကမ္ဘာ့နိုင်ငံအနှံ့မှ ဓာတ်ပုံပညာရှင်များကို ဖိတ်ခေါ်ပြိုင်ပွဲဝင်စေခဲ့ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံလမင်းနိုင် (People မဂ္ဂဇင်း) ၏ ဓာတ်ပုံလက်ရာသည် နှစ်သိမ့်ဆုအဖြစ် ရွေးချယ်ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်ပါသည်။

ယင်းနှစ်သိမ့်ဆုရ ဓာတ်ပုံမှာ ဆူးလေးဘုရားနှင့် လမ်းတစ်ဖက်ရှိ ဗလီကို ယှဉ်တွဲရိုက်ပြထားသော ပုံဖြစ်ပါသည်။



ဂုဏ်ယူလေးစားပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံတော်ကြီးအတွင်းမှာ လူမျိုးတူချင်း ဘာသာတူချင်းတွေသာမက လူမျိုးခြားချင်း ဘာသာခြားချင်း ဖြစ်စေကာမူ အေးချမ်းသာယာစွာ အတူလက်တွဲနေထိုင်နိုင်ကြပြီး အမိမြန်မာပြည်ကြီး သာယာတိုးတက်ဖို့ အတွက် ၀ိုင်းဝန်းဆောင်ရွက်နိုင်ကြပါစေလို့  ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ငြိမ်းချမ်းသာယာမှုကို နှောင့်ယှက်ဖျက်ဆီးနေသူများ ပပျောက်ကြပါစေသား။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူတင်ပါသည်.။