21 January 2010

ပဲခူးတိုင်းအရှေ့ကြေးနန်းလုပ်ငန်း(လထ/မန်နေဂျာ)၀န်ထမ်း များအားရိုင်းပြစွာဆက်ဆံခြင်းအားမခံနိုင်သောကြောင့် ဝန်းထမ်းများ၏ ရင်ဖွင့်သံ.။

မွန်ပြည်နယ်စာတိုက်လုပ်ငန်းမှပြစ်ဒဏ်ဖြင့်ပြောင်းရွှေ့လာသူဖြစ်ပြီးယခုလက်ရှိပဲခူးတိုင်း(အရှေ့)
ကြေးနန်းလုပ်ငန်းသို့ပြေင်းရွှေ့လာသူဒေါ်မြတ်သန္တာဝင်း(လထ/မန်နေဂျာ)နှင့်မိခင်ဖြစ်သူဒေါ်ခင်
ဌေးဝင်း(အင်ြမ်းစားဝန်ထမ်း)သည်ရုံးဖွဲစည်းပုံ/နှင့်ကြေးနန်းဌာနဆိုင်ရာနှင့်မည်သို့မှပက်သက်ခြင်း
မရှိဘဲရုံးတွင်းတွင်ကိစ္စများကိုဝင်ရောက်စွတ်ဖက်ပြီးဝန်ထမ်းများအားရိုင်းပြစွာခိုင်းစေခြင်းများ။ရုံးပြင်ပ
မိသားစုကိစ္စများတွင်လည်းဝန်ထမ်းများအားအသုံးပြုခိုင်းစေခြင်းများ။ပဲခူးတိုင်း(အရှေ့ )နယ်ရုံးများဖြစ်
ကြသောဒိုက်ဦး၊ဖြူး၊ညောင်လေးပင်တို့မှလစဉ်ငွေ၅၀၀၀၀(ငါးသောင်းကျပ်)ကိုခေါင်းစဉ်မဲ့တောင်းရမ်း
ပြီးစားရင်းမဲ့လက်မှတ်မထိုးဘဲမိခင်ဖြစ်သူဒေါ်ခင်ဌေးဝင်း အမည်ဖြင့် ဘဏ်မှ လွဲ ပေးနေရခြင်း ကိုပြု
လုပ်ပေးရပါသည်။

အဆိုပါ ရုံးခွဲမှ ၀န်ထမ်းများသည်လစဉ်၅၀၀၀၀ကျပ်ရရှိရန်အသည်းအသန်ကြိုးစားကာဒေါ်ခင်ဌေးဝင်း
အမည်နှင့် လွဲရန်ဖိအားပေးခိုင်းစေခြင်း ကိုခံနေရပါသည်။ထို့ပြင်ဝန်ထမ်းများအား အလုပ်ပြုက်သွားချင်
လားဟူသောချိန်းခြောက်စကားဖြင့် အလုပ်ထွက်ရန် ဖိအားပေးခြင်းကို ရင်ဆိုင်နေရပါသည်။

ထို့ပြင် တိုင်းမန်နေဂျာနှင့်ပူးပေါင်းကာ ပဲခူးမြို့တွင်းတွင် ကြေးနန်းစခန်းများဖွင့်ကာဖက်စ်ဖုန်း ထားပြီး
pco တင်ကာဝန်ထမ်းများကို မိသားစုအသုံးစရိတ်ရှာခိုင်းနေသည်ဟုလဲ ကြားသိရပါသည်။

ဒိုက်ဦး ၊ဖြူး၊ညောင်လေးပင်တို့မှ လစဉ်ပုံမှန်ငွေလွဲပေးနေရခြင်းအပေါ်သက်ဆိုင်ရာဘဏ်ခွဲများမှတ
ဆင့် စုံစမ်းသိရှိနိုင်ပြီး ဌာနလက်အောက်ဝန်ထမ်းများမှ လည်း ခေါ်ယူစစ်ဆေးအတည်ပြုခြင်းဖြင့်
ဖြစ်ရပ်မှန်ကိုဖော်ထုပ်နိုင်ပါသည်။

အထက်ပါကိစ္စရပ်များကို ရုံးဝန်ထမ်းများအနေဖြင့်အဆင့်ဆင့်တင်ပြရန်သင့်မသင့် ကိုချင့်ချိန်ပြီး မိမိ
တို့၏ အလုပ်ခွင်ရေရှည်တည်တန့်ရေးကို ဦးစားပေးကာ ယခုလို အွန်လိုင်းမှ တဆင့်တင်ပြခြင်းဖြစ်
ပါသည်။

တရားဝင်တိုင်ကြားပါက လဲ အထက်လူကြီး များ မှ သေချာစစ်ပေးလျှင်တော်သေးသည်။မစစ်ပေးပါ
က တိုင်ကြားသူသာ ပြန်လည် သက်ရောက်မည်ဆိုးပါ သဖြင့်ဝန်ထမ်းများအား စာနာသော စိတ်ထား
ဖြင့် တင်ပြတောင်းဆို ခြင်းဖြစ်ပါသည်။

ပဲခူးတိုင်းအရှေ့ ကြေးနန်းလုပ်ငန်း (လထ/မန်နေဂျာ)က၀န်ထမ်းများအား ရိုင်းပြစွာဆက်ဆံခြင်းအား မခံနိုင်သောကြောင့် ဝန်းထမ်းများ၏ ရင်ဖွင့်သံ.။