21 January 2010

ဘာသာရေးပဋိပက္ခဖြစ်အောင် တိုက်ခိုက်နေတဲ့ ဘလော့တွေ၊ မေးလ်တွေ ဘယ်ကလာသလဲ။ ရည်ရွယ်ချက်ရှိရှိနဲ့  ဖန်တီးနေတာတွေကို သတိမူကြပါ။



“လူတစ်ယောက်အနေနှင့် မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို လေးစားကြည်ညို
ယုံမျှနှင့် မပြီး။ အခြားတစ်ပါးသောသူများ၏ အတွေးအခေါ်အယူဆများကိုလည်း ကျိုးကြောင်း
ခိုင်လုံမှု မရှိပဲ ဝေဖန်နှိပ်နှယ်ခြင်း မပြုသင့်” ။ (အသောကကျောက်စာ) ။

“မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊ အစဉ်အလာကြောင့် အယူများအပေါ်
အားပြုသည်ထက်၊ဆင်ခြင်တုံတရားကိုရှေ့တန်းတင်သည်ကလူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်” ။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲ
ကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး)။

အထက်ဖေါ်ပြပါ ကောက်နှုတ်ချက်စကားတွေကို ပြောကြားခဲ့တဲ့ ဒီဘုရင်နှစ်ပါးဟာ ကိုးကွယ်
တဲ့ ဘာသာတရားတွေ မတူကြပါဘူး၊ တစ်ပါးက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး၊ တစ်ပါးက မူဆ
လင်ဘာသာကို ကိုးကွယ်ကြတာပါ။ သို့သော်လည်း သူတို့ သဘောထားတွေကို ကြည့်ခြင်း
အားဖြင့် အချင်းချင်း လေးလေးစားစား အတူယှဉ်တွဲနေနိုင်ရေးကို အထူးလိုလားကြတယ်ဆို
တာ သိသာထင်ရှားလှပါတယ်။

ဒီနေ့ကမ္ဘာမှာလည်း တက္ကသိုလ်တွေကနေ ယုံကြည်ကိုးကွယ်မှုဆိုင်ရာတွေကို ညှိနိုင်းဆွေး
နွေးတဲ့ ပြဌာန်းစာတွေ သင်ကြားပို့ချပြီး၊ လက်မှတ် certificate တွေ၊ ဘွဲ့ ဒီဂရီတွေ ပေးနေ
ပါပြီ။ အောက်ဖေါ်ပြပါ ၀က်ဘ်ဆိုဒ်လင့်ခ်တွေကို ဖွင့်ကြည့်နိုင်ပါတယ်။ ဘာသာတရားတွေ
သဟဇာတဖြစ်မှုကို ဒီနေ့ကမ္ဘာက သင်ကြားပေးနေပါပြီ။

http://www.usip.org/education-training/courses/certificate-course-in-interfaith-
conflict-resolution

ဦးဇင်းတို့ မြန်မာနိုင်ငံကတော့ ဘာသာတရားတွေ အချင်းချင်း မတဲ့အောင်၊ တစ်ဖွဲ့နဲ့  တစ်ဖွဲ့ 
မတည့်အောင် ပုံစံ အမျိုးမျိုးနဲ့ မီးမွေးနေကြတာပါ။ နအဖက သူတို့ နိုင်ငံရေးအကြပ်တည်
ဖြစ်တိုင်း မူဆလင်ဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို
ရန်တိုက်ပေးတာပါ။ ဒါကို ထွက်ပေါက်အနေနဲ့ နအဖက လက်နှက်တစ်ခုသဖွယ် အသုံးပြု
တတ်ပါတယ်။

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးကို စစ်အစိုးရက ဘုရားဝမ်းဗိုက်ဖောက်ကာ ဌာပနာ
တွေကိုယူတာ ပြည်သူတွေသိသွားတဲ့အချိန်တုန်းကလည်း ကုလား - ဗမာအဓိကရုဏ်းလုပ်
ပြီး လမ်းလွှဲခဲ့တာပါ။

မစိုးရိမ်တိုက်သစ်က ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) အဖမ်းခံရတုန်းက အဖြစ်ပျက်တစ်ခုကို ပြန်
ပြောပြချင်ပါတယ်။ ဦးဝီရသူ အဖမ်းခံရတော့ မစိုးရိမ်တိုက်သစ်က သံဃာတွေဟာ ဆန္ဒပြဖို့
ညကြီး ထွက်လာကြပါတယ်၊ မစိုးရိမ်တိုက်ဟောင်းက သံဃာတွေကို ထွက်လာဖို့ ဆန္ဒ ပြဖို့ 
အစပြုတဲ့ သံဃာတွေက ခေါ်နေတုန်း၊ ဒီတီ DT ဆိုင်ကယ်နဲ့ ဒကာ တစ်ယောက် ကလည်း
သံဃာတွေထွက်လာဖို့ ၀ိုင်းစည်းရုံးပါတော့တယ်။ အဲဒီအချိန်မှာ ကျောင်းပတ်ဝန်းကျင်တွေ
မှာ စစ်တပ် ချထား ပြီးပါပြီ။ သက်တော် ကြီး သံဃာ တစ်ပါး ကဒီ ဆိုင်ကယ် ဘယ်လို လုပ်
ကျောင်းဝန်းထဲ ၀င်လာတာလည်း ဖမ်းစမ်းဆိုပြီး ဖမ်းခိုင်းတော့ အဆိုပါ ဆိုင်ကယ် သမား
ဟာ ထွက်ပြေးသွားပါတော့တယ်။

ဒီဆိုင်ကယ်သမားကို သိလားဟေ့လို့ မေးတော့ သံဃာတစ်ပါးက မစိုးရိမ်တိုက်သစ်က ဘုန်းကြီး
ဦးဝါသေဋ္ဌ ကားမောင်းတဲ့ကောင်လို့ ပြောပါတယ်။ ဘုန်းကြီးတွေကြားထဲမှာ ထောက်လှမ်းရေး
ထည့်ထားတာပါ။အဲဒီ ညဆန္ဒပြပွဲ မှာ စစ်တပ်က ပစ်လို့ရင် တစ်ပါး ပျံလွန်တော်မူခဲ့ ပါတယ်၊
သံဃာတစ်ချို့လည်းဆေးရုံရောက်ခဲ့ပါတယ်။အခုတော့ဒီဆိုင်ကယ်သမား (ကားသမား) ဟာ
ခင်ညွန့်တပည့်ဆိုတာ သံဃာတွေ အားလုံးက သိသလို၊သူနေတဲ့ရပ်ကွက်ကလဲသိနေပါတယ်၊
ခင်ညွန့်ပြုတ်တော့ သူလည်း ငုတ်တုပ်၊ အလုပ်မရှိ အကိုင်မရှိ၊ လူ့အမုန်းခံဘ၀မှာ ရောက်နေရှာ
တော့တယ်။ မစိုးရိမ်တိုက်သစ်က ဘုန်းကြီးတွေနားမှာ ကပ်နေတဲ့ ထောက်လှမ်းရေးတွေ ပေါ်
ကုန်ပါတယ်။

အာဏာရှင်တွေ၊ နယ်ချဲ့တွေဟာ သူတို့ နိုင်ငံရေးအကြပ်တည်းတွေဖြစ်တိုင်း လူမျိုးရေး သွေးခွဲ
တာတွေ၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင်လုပ်တာတွေဟာ သူတို့ရဲ့ ဗျူဟာတစ်ခုပါ။

အင်္ဂလိပ်လက်ထက်က ဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်မှာလည်း နယ်ချဲ့ ကအင်္ဂလိပ်က၊
ကုလား - ဗမာ အဓိက ရုဏ်း ဖန်တီး လိုက်လို့ ကျောင်းသားတွေ ငြိမ်အောင် အဲဒီတုန်းက
သမ္မတလုပ်နေတဲ့ ဒေါက်တာဘမော်ကို ခေါ်ပြီး မိန့်ခွန်းပြော ထိန်းခိုင်းခဲ့ရတာတွေ ရှိခဲ့ဘူး
ပါတယ်။ ယခုအာဏာရှင်တွေက ဒီလို လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်း
ဖြစ်အောင် ပိုဖန်တီးလေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အထူးဝိသေသပြုထားတာတောင်မှ နိုင်ငံတော်သံဃာ့မဟာနာ
ယကလို အဖွဲ့မျိုးတွေဖွဲ့ပြီး သံဃာတော်အချင်းချင်း ဖိနှိပ်ချုပ်ချယ်ခိုင်းထားတာပါ၊ ယနေ့ သံဃာ
တွေတိုင်းတပါးမှာ ထွက်ပြေးနေရတာတွေ၊ ထောင်တွေမှာ အကျဉ်းကျ နေတာတွေ၊ ရဲဘက်
အလုပ်စခန်းတွေမှာ အနှိက်စက်ခံနေရတာတွေ၊ အလုပ်ကြမ်းတွေ လုပ်နေရတာတွေ၊ စစ်ကြော
ရေးတွေမှာ လူမဆန်စွာ စနစ်တကျ နှိပ်စက်ခံနေတာတွေကို နိုင်ငံတော်သံဃာ့မဟာနာယက
တွေ မသိဘဲမရှိပါဘူး။သိသိကြီးနဲ့နှုတ်ငုံပိတ်နေတဲ့အပြင်အာဏာရှင်အလိုကျအောင်တောင်
သံဃာတွေကို ဖိနှိပ်ချူပ်ချယ်နေတဲ့ သံဃာ့အာဏာရှင်အသွင်တောင် ပိုဖြစ်ပြနေပါတယ်။

အာဏာရူးအုပ်ချုပ်သူတွေရဲ့ အာဏာတည်မြဲရေးအတွက် ဖွဲ့ခဲ့တဲ့ မဟာသံဃာ့ အဖွဲ့စည်းကြီး
ဆိုတာဒီနေ့သာမန်လူတွေတောင်နားလည်လာပါပြီ။သံဃာထုရဲ့ဘ၀တွေကိုဘာလုံခြုံမှုမှ မပေးနိုင်တော့ဘူးဆိုတာလည်း သိလာပါပြီ။ နယ်က တောက အဖိုးအဖွားတွေအတွက် မြို့
ပေါ်တတ် စာသင်နေတဲ့ ကိုယ့်ရဲ့ မြေး ကိုရင်၊ ဦးဇင်းတွေ အန္ဒရာယ်ဖြစ်မှာ စိတ်မချ ရတဲ့
အနေအထားမှာ ရောက်နေပါပြီ။

အာဏာရူးတွေ မတရားအုပ်ချူပ်လာနေတဲ့ကာလတစ်လျှောက် မြန်မာနိုင်ငံသမိုင်းမှာ အာဏာ
ရှင် မဆလ န၀တ နအဖတွ အကွက်ဆင် ဖန်တီးခဲ့လို့  တရုတ် - ဗမာ အဓိကရုဏ်းဖြစ်ကြလို့ ၊
ကုလား - ဗမာ အဓိကရုဏ်းဖြစ်ကြလို့  ပြည်သူတွေအချင်းချင်း သေကြေပျက်စီးခဲ့ရတာတွေ
သာဓက ရှိပါတယ်။

အာဏာရူးတွေဟာ ဘာသာခြား လူမျိုးခြားအချင်းချင်း သွေးခွဲလှုံ့ ဆော် ပြဿနာဖြစ်အောင်
လုပ်ရုံမက ဘာသာတူ လူမျိုးတူအချင်းချင်းလည်း တစ်ဦးနဲ့  တစ်ဦး ယုံကြည်မှု နည်းအောင်
ပဋိပက္ခဖြစ်အောင် ယုတ်မာစွာ လုပ်ဆောင်တယ်ဆိုတာ ယနေ့  ပြည်သူတွေ သတိမူ ဂရုစိုက်
ကြဖို့  လိုပါတယ်။ မူဆလင်နဲ့  ခရစ်ယာန်နဲ့  ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်းကြားထဲ လုပ်ကြံ
သွေးထိုး ပြည်သူတွေအနေနဲ့  အာဏာရူးတွေ ဆင်တဲ့ ထောင်ချောက်အကွက်ထဲ မ၀င်သွား
အောင် တစ်ဦးချင်းစီတိုင်းက သတိ အတော့်ကို ထားရမှာပါ။

ဘယ်သူဘယ်ဝါ ဘယ်ကမှန်းမသိဘဲ မိမိဘာသာ မိမိလူမျိုးကို ဆန့် ကျင်စော်ကားတဲ့ အပြော
တွေစာတွေ ကြားရ မြင်ရ ဖတ်ရတာနဲ့  ချက်ချင်း ခံစားမှုတွေပေါ်လာပြီး အလျင်စလို တုန့် ပြန်
မိတာတွေဟာ အာဏာရူးတွေ ဆင်ထားတဲ့ ထောင်ချောက်အကွက်ထဲ အလွယ်တကူ ၀င်သွား
မှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် သတိထားဖို့ ကတော့ ဒီလိုစော်ကားဆန့် ကျင်ပြော
ဆိုရေးသားသူတွေရဲ့  အပြောတွေ အရေးသားတွေကို ကြားရ မြင်ရ တဲ့အခါမှာ စိတ်ကို တည်
ငြိမ်အောင်ထားပြီး ဒီလိုအပြောအဆိုအရေးအသားတွေ စတင်လာခဲ့တဲ့ မူလဇစ်မြစ်ကို စုံစမ်း
ရှာဖွေဖေါ်ထုတ်ရမှာဖြစ်ပါတယ်။လူမှုရေးမှာဘာသာရေးမှာဦးဆောင်သူတွေအနေနဲ့လည်း ဒီလိုကိစ္စမျိုးတွေမှာမိမိတို့  လူမျိုး ဘာသာဝင်တွေကို စိတ်လိုက်မာန်ပါ မပြောဆိုကြဖို့မလုပ်ကြ
ဖို့ ထိန်းသိမ်းရင်းပြဿနာရင်းမြစ်ကို ရှာဖွေပြီး လုပ်ကြံဖန်တီးမှုတွေကို ဖေါ်ထုတ်ကြရမှာပါ။

ယခုတစ်လောမှာ အင်တာနက်စာမျက်နှာတွေ အီးမေးလ်တွေမှာ စီဘောက်ထဲမှာ ဘာသာ
တရားတွေကို ဆန့် ကျင်စော်ကားတဲ့ ရေးသားမှုတွေ ရုတ်ချည်းပေါ်ထွက်လာတာဟာ မသ
င်္ကာဖွယ်ဆိုတာ သတိထားကြရပါမယ်။ ဘာသာရေး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ဖန်တီး
တဲ့နေရာမှာ ဖန်တီးကြသတွေဟာ သူတို့ အချင်းချင်း လက်ဝါးချင်းရိုက်ထားလေ့ ရှိပါတယ်။
ဒါဟာ သာမန်လိမ်လည်မှုတွေမှာ တွေ့ ရတဲ့ပုံစံနဲ့ လည်း တူပါတယ်။ တစ်ဦးက ဆန့် ကျင်
ဘက်စကားပြောမယ် နောက် သူတို့ လူတစ်ဦးက ပြန်ပြီးတုန့် ပြန်ပြမယ်၊ ဒီလိုနဲ့  ကျန်တဲ့
သတိမထားမိသူတွေ ခံစားမှုပြင်းတဲ့သူတွေ ပါလာအောင် ဆွဲခေါ်ပါတော့တယ်။ ဒီအတွက်
သာမန် ခံစားမှုနဲ့ ပြောသူတွေပါ တဖြည်းဖြည်းနဲ့  များလာပြီး ကြီးမားတဲ့ အခြေအတင်စကား
များရာကနေ နောက်ဆုံး အုပ်စုလိုက် ကိုယ်ထိလက်ရောက် ရိုက်ကြပုတ်ကြ သတ်ကြဖြတ်ကြ
တဲ့ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတော့တယ်။

အင်တာနက်စာမျက်နှာထဲ အီးမေးတွေထဲ စီဘောက်တွေထဲမှာ ဘာသာရေးဆန့် ကျင်စော်
ကားမှုတွေကို ရေးသားမှုဟာ ပြဿနာဖန်တီးလိုသူတွေအတွက် အလွယ်တကူနေရာဖြစ်
နေလို့  ဖတ်တဲ့သူတွေက ပိုသတိထားရပါမယ်။ မူလရေးသားသူ ဘယ်သူ ဘယ်ဝါ ဆိုတာ
ထုတ်ဖေါ်သိရှိဖို့  ခက်ခဲသလိုဈ ဒီရေးသားမှုဟာ အလွယ်တကူ ပြန့် နှံ့ နိုင်ပါတယ်။ ဒီအတွက်
ဖတ်မိသူတွေဟာ ကိုယ်ကိုတိုင်က ဒီလို ပြဿနာစာတွေ အရေးအသားတွေကို ထပ်မံဖြန်
့ဖြူးပေးနေသလို ဖြစ်မှန်းမသိ ဖြစ်၊ ဆင်ထားတဲ့ပြဿနာထဲ ကိုယ်ကိုတိုင် ပါဝင်လို့  ပါဝင်မှန်း
မသိနဲ့  ဖြစ်သွားနေတယ်ဆိုတာ သတိထားကြဖို့  သင့်ပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေးအဓိကရုဏ်းတွေဖြစ်အောင်၊ လူမျိုးရေးမုန်းတီးမှုတွေဖြစ်အောင်
ရေးသားနေတာ တွေ၊ ဘလော့တွေလုပ်နေတာတွေ၊ မေးလ်တွေ တွေ့နေရတာဟာ ဘယ်သူ
တွေလုပ်နေတာလဲဆိုတာ ဒီဆောင်းပါးက သိစေချင်တာပါ။ သံဃာ့ကိစ္စပေါ်တိုင်း အမြဲလက်
ရှောင်နေတဲ့ နိုင်ငံတော်သံဃာမဟာနာယ အဖွဲ့ကို အာဏာရူးနအဖတွေက ဘာရည်ရွယ်
ချက်နဲ့ဖွဲခဲ့သလဲဆိုတာ မီးမောင်းထိုးပြချင်တာပါ။

တကယ်တော့ မြန်မာနိုင်ငံ ခေတ်အဆက်ဆက်တိုင်းမှာ စွမ်းရည်လည်းရှိ၊ ပညာလည်းပြည့်
တဲ့ ဆရာတော်ကြီးတွေ အဆက်မပြတ်ပေါ်ခဲ့ပါတယ်၊ ဒီလူသားအရင်းမြစ်တွေကို အုပ်ချုပ်သူ
အဆက်ဆက်တို့ ညံ့ဖြင်းမှုကြောင့် တတိယ သံဃာယနာတင် ဥက္ကဋ္ဌ အရှင်မဟာ မောဂ္ဂလိပု
တ္တတိဿမထေရ်တို့လို ဘုရင့်သားတော် သမီးတော်တွေကို သာသနာ့ဘောင်မှာ တာဝန်ပေး
နိုင်သော၊ နိုင်ငံ၏ ပေါ်လစီတွေနဲ့ နိုင်ငံအသီးသီးကို ဗုဒ္ဓသာသနာပြန့်အောင် လုပ်နိုင်သော၊
အုပ်ချုပ်သူတို့ကို ဆုံးမနိုင်သော ဆရာတော်များ အခုချိန်ထိ မပေါ်ပေါက်သေးပါကြောင်း
လည်းရေးသားတင်ပြအပ်ပါတယ်။

ထို့ အတူ အထက်မှာ ဖေါ်ပြရေးသားချက်ပါ သတိမူ ဂရုစိုက်ကြရမယ့် အာဏာရူးတွေရဲ့ 
ပြည်သူတွေအပေါ် နိုင်ငံရေးအဖြစ်အပျက်တွေကနေ အာရုံလွှဲရအောင်၊ ပြည်သူအချင်းချင်း
အဖွဲ့အစုအချင်းချင်းလူမျိုးအချင်းချင်းဘာသာတရားတွေအချင်းချင်းသွေးထိုးဖန်တီးအကွက် ဆင်ထောက်ချောက်လုပ်တာတွေကို မည်သို့ သော ဆန့် ကျင်ပြောဆိုမှု ရေးသားမှုကိုမဆို
မစုံစမ်း မလေ့လာ ရင်းမြစ်ကို မရှာ အခြအနေအချိန်အကာကို မကြည့်ဘဲ မိမိတို့ ရဲ့  ပကတိ
ရိုးသားသောခံစားမှုများဖြင့်လျင်မြန်စွာတုန့်ပြန်ကြမယ်ဒီလိုဘသာသာတရားစော်ကားမှု လူမျိုးရေးစော်ကားမှုတွကို အခြားသူ သိစေလိုတဲ့ စေတနာအရိုးခံနဲ့  ဖြန့် ပေးကြမယ်ဆိုရင်
အမှိုက် စ ပြသာဒ်မီးလောင်ဆိုတာလို လူမျိုးရေး အဓိကရုဏ်းကြီးတွေအထိ ဦးတည်သွားနိုင်
မယ့် လမ်းကြောင်းထဲ မိမိကိုယ်တိုင် ပါမှန်းမသိ ပါသွားနိုင်တာကို၊ လုပ်ကြံဖန်တီးသူတွေ
အကွက်ဆင်တဲ့ထဲ ၀င်သွားမှန်းမသိ ၀င်သွားနိုင်တာကို အထူးသတိထားကြပါလို့ ပြည်သူ
များအကျိုးကို ရှေ့ ထားပြီး မေတ္တာရပ်ခံလိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရူးတွေ အုပ်ချူပ်နေစဉ်အတွင်းမှာ ပြည်သူတွေအနေနဲ့  ဘာသာမတူ
လူမျိုးမတူပေမယ့် တစ်နိုင်ငံထဲနေ တစ်ရေထဲသောက်ပြီး မိမိတို့  ချစ်မြတ်နိုးတဲ့ မြန်မာနိုင်ကြီး
အတွက် အချင်းချင်း ပဋိပက္ခမဖြစ်ရကြလေအောင် အစစအရာရာမှာ ဆင်ခြင်သတိနဲ့  ပိုမို
လက်တွဲစည်းလုံးကြဖို့၊ဘာသာရေးအဓိကရုဏ်ဖြစ်နိုင်မယ့်လူမျိုးရေးအဓိကရုဏ်းဖြစ်နိုင်မယ့် မင်္သကာဖွယ်ဖန်တီးမှုများကိုကာကွယ်တွန်းလှန်ကြဖို့ဖန်တီးသူတွေကိုရှာဖွေဖေါ်ထုတ်ကြဖို့ အလွန်ပင်အရေးကြီးလှပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

အရှင်ရာဟုလာ (မစိုးရိမ်) ။

ပြန်လည် မျှဝေ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။