


ဒီအံ့သြစရာကောင်တဲ့ ခရစ္စမတ် ကဒ်လေးတွေကိုတော့ သန္ဓေသား မိခင်ဝမ်းထဲမှာရှိနေစဉ်
မိခင်ရဲ့ မူးယစ်ဆေးသုံးစွဲမှု့ကြောင့် မွေးရာပါ လက်နှစ်ဖက်မရှိတဲ့ သူတစ်ယောက်ဟာ ညာဖက်
ခြေထောက်နဲ့ ရေးဆွဲခဲ့တဲ့ပန်းချီ ကဒ်လေးတွေဘဲဖြစ်ပါတယ်။
ထိုကဲ့သို့ လှပတဲ့ ပန်းချီကားကို ကမ္ဘာအနှံမှာ ရောင်းချခဲ့တာဖြစ်ပါတယ်။ ပီတာလောင်းစတပ်ဖ်
ရဲ့ ရေးဆွဲခဲ့တဲ့ပန်းချီများထဲမှာ မီးလင်းနေတဲ့ ဖယောင်းတိုင်ပုံနှင့် လှပတဲ့ဆောင်းရာသီ ရှု့ခင်း
တစ်ခုမှာ သမင်ဖို တစ်ကောင် ပန်းချီတို့အပါအဝင်ဖြစ်ပါတယ်။ ပီတာမှာလက်မရှိပေမဲ့ ညာဖက်
ခြေထောက်ကို လက်ကဲ့သို့ ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။ ပီတာက ကျွန်တော့် ညာဖက်
ခြေဖဝါးဟာ ကျွန်တော့်ညာဖက်လက်ပါဘဲကျွန်တော်အရာတော်တော်များများကိုခြေထောက်နဲ့
လုပ်နိုင်ပါတယ်လို့ပြောပါတယ်။ အရင်က သူရဲ့အသက်မွေးဝမ်းကြောင်းကတော့ ဝက်ကျောင်း
သားပြီး လယ်ထွန်စက်လဲမောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပန်းချီသင်ပြီး တော့ ပန်းချီဆွဲ
ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုပါတယ်။