09 January 2012

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့အရေးတကြီးလိုအပ်နေပါပြီ၊


သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းနှင့်သွားရောက်တွေ့ဆုံစဉ်

သခင်သိန်းဖေ၏နေအိမ်တွင်သွားရောက်ကာ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့်သွားရောက်တွေ့ဆုံစဉ်


နိုင်ငံရေးအကျဉ်းသားဟောင်းများအနေဖြင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ယနေ့ ဆက်လက်ပြီး ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့်တွေ့ဆုံခဲ့ကြပါသည်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများသည် ယနေ့သခင်သိန်းဖေ၏နေအိမ်တွင် သွားရောက်ကာ ပါလီမန်ရှေ့နေကြီးဦးသန်းတင်၊ ရွှေတောင်ဦးအုန်းမောင်၊ ဦးထွေးမြင့်(ပြည်ချစ်)၊ဦးအုန်းကျော်တို့နှင့်တွေ့ဆုံကာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဆွေး
နွေးခဲ့ပါသည်။

ညနေပိုင်းတွင်သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းနှင့်လည်းသွားရောက်ကာအကျဉ်းသားများလွတ်မြောက်ရေး
အတွက်ဆွေးနွေးခဲကြပါသည်။ ဦးထွေးမြင့်(ပြည်ချစ်)က ယခုလွတ်ငြိမ်းချမ်းသာမိန့်ဟာ လွတ်ငြိမ်းချမ်း သာလို့မခေါ်ထိုက်ပါဘူး ဆိုပြီးပြောပါသည်။

နိုင်ငံရေးအကျဉ်းသားတွေကိုမလွှတ်ပေးတဲ့အတွက်နိုင်ငံရေးအဓိပ္ပါယ်ကိုစဉ်းစားလို့မရဘူးဟုဆိုပါတယ်၊ငြိမ်းချမ်း
စွာ လုပ်ပါ့မယ်ဆိုတဲ့လူတွေကို တချီတမောင်းတော့ချလိုက်အုံးမယ် ဆိုတဲ့စိတ် ခံစားချက်ဖြစ် တယ်လို့ဆိုပါတယ်။

သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းကလည်း နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး၊ ပြည်တွင်းစစ်
ရပ်စဲရေး၊ပြည်သူ လူထုရဲ့ ၀န်ထုတ်ဝန်ပိုးတွေကိုအမြန်ဆုံးလျှော့ချရေးဆိုတဲ့စံသုံးချက်ကို ယနေ့ကာလမှာ အဓိကထားပြီးလုပ်ဆောင်ရန်ပြောကြားလိုက်ကြောင်းသိရပါတယ်။

သတင်း၊ဓာတ်ပုံ၊ .....Redstar Burma