13 January 2012

မနက်ဖြန် လွတ်မြောက် လာမည့် အထဲ ပူတာအို ထောင်ထဲက ၆၅ နှစ် မတရားအကျဉ်းကျခံနေရတဲ့ ၈၈ ကျောင်းသား ကိုအောင်သူ တယောက်လည်း လွတ်မြောက်ပါစေ




ဝေးကွာနေကြသော မိသားစုတွေ ပြန်လည် တွေ့ဆုံကြရပါစေ.၊ သားသမီးတွေကလည်း မိဘကိုမျှော်နေကြတယ်၊ မိဘတွေကလည်း သားသမီးတွေကိုမျှော်နေကြတယ်၊ ဇနီးမယား နဲ့ခင်ပွန်းသည်တွေကလည်း မျှော်နေကြတယ်၊ တကယ်ပဲ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ကြပါစေ၊ မင်္ဂလာရှိတဲ့ မနက်ဖြန် မင်္ဂလာသတင်းတွေကြားရမယ့် မနက်ဖြန် အတွက် ကျမ မြတ်လေးငုံလည်း ပျော်ရွှင်နေမိပါတယ်။