12 January 2012

ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်ပိုင်မဲတစ်ပြားဖြင့် ကိုယ်လိုချင်သော အစိုးရပုံစံကို ဖော်ထုတ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆို

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် ကိုယ်ပိုင်ဆိုင်သော မဲတစ်ပြားကို ထိန်းသိမ်းရန်လိုအပ်ကြောင်းနှင့် ကိုယ်ပိုင်မဲဖြင့် ကိုယ်လိုချင်သော အစိုးရတစ်ရပ်ကို ဖန်တီးရမည်ဖြစ်ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဗဟန်းမြို့နယ် ဆိုင်းဘုတ်တင်ပွဲ တွင် ပြည်သူများအား ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲမှာ မဲထည့်နိုင်တဲ့ လူတွေက မိမိတို့ရဲ့ လုပ်ပိုင်ခွင့်ကို ကိုယ်သုံးမှ လုပ်ပိုင်ခွင့်ကို ထိန်းသိမ်းထားနိုင်မှာပါ အဲ့တော့ ကျွန်မတို့ပြည်သူတွေက မဲပြားတွေနဲ့ ကိုယ်လိုချင်တဲ့ အစိုးရတစ်ခု ဖြစ်လာအောင် လုပ်ရပါလိမ့်မယ်” ဟုလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သတင်းများ အတွက် မြစ်မခ မီဒီယာအားကျေးဇူးတင်ပါသည်.။