14 January 2012

ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းစာရင်း NLD ထုတ်ပြန်ကြေညာ

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ကိုယ်စားလှယ်လောင်းအမည်စာရင်းအား ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

၎င်း ထုတ်ပြန်ကြေညာချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌသစ် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ကျန်ကိုယ်စားလှယ်လောင်းများမှာ လစ်လပ်မဲဆန္ဒနယ်(၄၈) နေရာလုံး၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများမှာ ရန်ကုန်တိုင်း ဒေသကြီး၌ ကော့မှူးမဲဆန္ဒနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၊ သုံးခွမဲဆန္ဒနယ်တွင် ဒေါ်စုစုလွင်၊ မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ်တွင် ဒေါ်ဖြူဖြူသင်း၊ လှည်းကူး မဲဆန္ဒနယ်တွင် ဦးဖြိုးမင်းသိန်း၊ မရမ်းကုန်းမဲဆန္ဒနယ်တွင် ဒေါက်တာဒေါ်မေဝင်းမြင့်မှ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၌ တောင်ငူမဲဆန္ဒနယ်တွင် ဦးအောင်စိုးမြင့်၊ ထန်းတပင်မဲဆန္ဒနယ်တွင် ဦးစိန်ထွန်း၊ သနပ်ပင် မဲဆန္ဒနယ်တွင် ဦးမြင့်ဦး၊ လက်ပံတန်းမဲဆန္ဒနယ်တွင် ဦးကျော်မင်း ၊ အုတ်တွင်း၊ ထန်းတပင် မဲဆန္ဒနယ်တွင် ဦးမင်းဦး၊ ကဝ မဲဆန္ဒနယ်တွင် ဦးမျိုးခိုင်မှ လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ မန္တလေးတိုင်း ဒေသကြီး၌ မပာာအောင်မြေမဲဆန္ဒနယ်တွင် ဦးအုန်းကြိုင်၊ မိတ္ထီလာမဲဆန္ဒနယ်တွင် ဦးဝင်းထိန်မှလည်းကောင်း၊ မွန် ပြည်နယ်၌ မော်လမြိုင် မဲဆန္ဒနယ်တွင် ဒေါ်ခင်ဋ္ဌေးကြွယ်မှလည်းကောင်း၊ ရှမ်းပြည်နယ်၌ ကလောမဲဆန္ဒနယ်တွင် ဒေါက်တာဒေါ်သန်းငွေမှလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၌ ပုသိမ်မဲဆန္ဒနယ်တွင် ဦးဝင်းမြင့်၊ မအူပင် မဲဆန္ဒနယ်တွင် ဦးစိန်ဝင်းပာန် (ခ)ဦးစိန်ဝင်း၊ မြောင်းမြမဲဆန္ဒနယ်တွင် ဦးမန်းကျော်နီ၊ ဖျာပုံ၊ ဒေးဒရဲမဲဆန္ဒနယ်တွင် ဦးသိမ်းဆွေ၊ ရေကြည်မဲဆန္ဒနယ်တွင် ဒေါက်တာလှမြတ်သွေးတို့မှ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း....yangon chronicle