09 January 2012

ဇန်န၀ါရီ ၇၊ ၂၀၁၂ ၊ နံနက် ၁၀ နာရီ အချိန်တွင် နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု စတင်

“နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု” အဖွဲ့ခေါင်းစဉ်ဖြင့် နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များ အိမ်သို့ သွားရောက်အားပေးသည့် လှုပ်ရှားမှုကို ယနေ့စတင်လိုက်သည်။

ယခုလှုပ်ရှားမှုတွင် အကျဉ်းသားမိသားစု ကွန်ရက်၊ Generation Wave ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တို့မှ ပါဝင်သည်။ နံနက် ၈ နာရီ ၃၀ တွင် တာမွေပလာဇာရှေ့မှ လူအင်အား ၁၀၀ ၀န်းကျင်ခန့်ဖြင့် စတင်ထွက်ခွာထွက်ခွာကြသည်။ ပထမဦးဆုံး တာမွေဗလီအနီးရှိ ဦးကျော်မင်း (CRPP အဖွဲ့ဝင်) အိမ်သို့ သွားရောက်သည်ဟု သိရသည်။ နောက်ထပ် နိုင်ငံရေး အကျဉ်းသား ၁၅ ဦး၏ နေအိမ်များသို့ သွားရောက်မည်ဟု သိရသည်။

သတင်း...Yangon Press International