21 November 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၏ တည်ကြည် ပြတ်သား သောဆုံးဖြတ်ချက်


“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ဟာ ဘာပေါ်မှာ အခြေခံလဲဆိုတော့ ကျမတို့ အရေးအကြီးဆုံး ဘာတွေ မြင်လဲဆိုတာ ကျမ တင်ပြသွားပါတယ်၊ သုံးချက်ပါ။ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေး။ ဒီလို ကြိုးစားနေတာဟာ ကျမတို့ အဖွဲ့ချုပ်အတွက် မဟုတ်ပါဘူး။ ကျမတို့ ယုံကြည်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး အတွက် ဖြစ်ပါတယ်။ အဲဒီ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ထူထောင်သွားနိုင်ဖို့ လုပ်သင့်တယ်လို့ ထင်လို့ ကျမတို့အဖွဲ့ချုပ်ကို ပြန်လည်ပြီးတော့၊ မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲတွေမှာ ဝင်ဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်”။

ဒေါ်အောင်ဆန်းစုကြည်