26 November 2011

ရန်ကုန်မြို့တော်စည်ပင်ပိုင်မြေပေါ်တွင် တရားမ၀င်ကျူးကျော်မှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ ဥပဒေအားလိုက်နာမှုရှိစေရန် ဆောင်ရ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တိုင်ကြားမှုအများဆုံးဖြစ်သည့် စည်ပင်သာယာပိုင်မြေပေါ်တွင် တရား မ၀င်ကျူးကျော်ဆောက်လုပ်ထားသည့် အမှုနှင့်ပတ်သက်၍ ဥပဒေအားလိုက် နာမှုရှိစေရန် အတွက် ပြင်ဆင် ဆောင်ရွက်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။

`ရန်ကုန်မှာတိုင်ကြားမှုအများဆုံးဖြစ်တဲ့ စည်ပင်မြေပေါ်မှာတရားမ၀င်ကျူးကျော်ဆောက်လုပ်ထားတဲ့စီးပွားရေး လုပ်ငန်းရှင်တွေ အများကြီးရှိနေတယ်။ လက်ညိုးထိုးပြလို့ရတယ်။ သူတို့တွေအနေနဲ့ ဥပဒေကို လေးစား လိုက်နာမှုရှိအောင် ကျွန်မတို့အနေနဲ့ ပြင်ဆင်ပေးသင့်တယ်´ ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဗဟန်း မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ်အစည်းအဝေးတွင် စည်ပင်မြေပေါ်တွင်တရားမ၀င်ကျူးကျော် မှုနှင့်ပတ်သက်၍ ပုဒ်မ-၂၉နှင့် ပုဒ်မ-၃၁တို့တွင် ငွေဒဏ်ဖြင့်မလုံလောက်ပါက ထောင်ဒဏ်ထည့်သွင်းစေလို သည့် အဆိုမှာ အောင်မြင်မှုမရရှိခဲ့ကြောင်း ၄င်းမှ ဆက်လက်ပြောဆိုသည်။

``စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တချို့က စည်ပင်ပိုင်မြေပေါ်မှာ တနေ့ကို ဒဏ်ငွေ-၃၀၀၀(ကျပ်သုံးထောင်) ဆောင်ပြီးတော့ လုပ်ငန်းကြီးတွေလုပ်ကိုင်နေကြတာမျိုးတွေရှိတယ်၊ တနေ့ကို ဒဏ်ငွေ သုံးထောင်ပဲ ရိုက်မယ် ဆိုရင် ပေးနေမှာပေါ့၊ တကယ်လို့ပြစ်မှုတစ်ခုကို ထပ်ခါထပ်ခါ ကျူးလွန်မယ်ဆိုရင် ဒီလို ၀ိသမလောဘသား တွေကို ဒဏ်ငွေ လောက်နဲ့ဆက်ထားလို့ မဖြစ်တော့ဘူး၊ ဒါကြောင့်မို့လို့ ကျွန်မအနေနဲ့ မိုက်မိုက်ကန်းကန်းပဲ ထောင်ဒဏ်ပါ ထည့်ပေးပါဆိုပြီးတော့ တင်ပြခဲ့တာပါ ´´ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီးဋ္ဌာနပိုင်မြေတွင် ကျူးကျော်၍လုပ်ငန်းလုပ်ကိုင်နေသည့် အမှုများ တွင် (၅၃)ကြိမ်အထိ ဆက်တိုက်ဖောက်ဖျက်ကျူးလွန်နေသည့် အမှု(၃၀)ကျော် ရှိကြောင်းကိုလည်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးဝန်ကြီး၏ ပြောဆိုမှုအရသိရှိရသည်။

ရန်ကုန်မြို့တော်စည်ပင်သယာယာရေးကော်မတီအနေဖြင့် စည်ပင်သာယာပိုင်မြေပေါ်တွင် ကျူးကျော်၍ လုပ်ကိုင်စားသောက်နေကြသည့် လမ်းဘေးဈေးသည်များအတွက်မှု ဒဏ်ငွေကျပ်-၅၀၀(ကျပ်ငါးရာ)မှ -ငွေကျပ် ၁၀၀၀၀ (ကျပ်တစ်ထောင်)အထိ ချမှတ်၍ ဒဏ်ရိုက်လေ့ရှိကြောင်းကိုလည်း သိရှိရသည်။

`` ကျူးကျော်လမ်းဘေးဈေးသည်လေးတွေကိုတော့ ဒဏ်ငွေ ၅သိန်းတို့ ၃သောင်းတို့တော့ ဘယ်တရားသူကြီး ကမှ ဒဏ်ရိုက်မှာ မဟုတ်ပါဘူး၊ သူတို့ရဲ့အနိမ့်ဆုံးဒဏ်ငွေက ၁သောင်းလောက်ပါပဲ´´ဟု ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပြောဆိုသည်။

သတင်းများ ပြန်လည် ဝေမျှ ပေးသေား မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။