17 August 2011

ဒီတခါ သူ့လည်းမျက်ရည်တွေလှိုင်မယ်ထင်ပါတယ်...

သမ္မတ ဦးသိန်းစိန်သည် စီးပွားရေး၊လူမှုရေး အသင်းအဖွဲ့ ၅၀ ကျော်ကို သြဂုတ်လ ၁၇ ရက်နေ့တွင် နေပြည်တော်ရှိ Myanmar Convention Centre တွင်နိုင်ငံတော်၏ မူဝါဒအပေါ် အခြေခံသည့် မိန့်ခွန်းတစ်ရပ် ပြောကြားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ သိရှိရသည်။

အဆိုပါမိန့်ခွန်းအား နေ့လယ် ၂ နာရီတွင် စတင်ပြောကြားမည်ဖြစ်ပြီး၊နေ့လယ် ၁နာရီခွဲအရောက် MCC ခန်းမတွင် နေရာယူပေးပါရန် အကြောင်းကြားထားကြောင်း မြန်မာနိုင်ငံ ကုန်သည်/စက်မှု အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

"ကျွန်တော်တို့ကို ၁၀ ဦးတက်ရောက်ဖို့ ဖိတ်ကြားတာပါ။ အခြား အသင်းအဖွဲ့တွေကိုလည်း ဖိတ်ကြားတယ်လို့ သိရပါတယ်"ဟုဆိုသည်။

ယင်းဆွေးနွေးပွဲအား သတင်းမီဒီယာများ တက်ရောက်ခွင့်ရမည်ကို မသိရှိရသေးသော်လည်း၊ ယင်းကိစ္စရပ်ကို နိုင်ငံတော်သမ္မတရုံးမှ တိုက်ရိုက် စီစဉ်ခြင်းဖြစ်ကြောင်း ယင်းတို့နှင့်နီးစပ်သူ တစ်ဦးကဆိုသည်။

သြဂုတ် ၁၆ ရက်နေ့က ပြုလုပ်သော စက်မှု(၂)ဝန်ကြီးနှင့်သတင်းမီဒီယာ များ တွေ့ဆုံပွဲတွင် လည်း နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် သတင်း မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း စက်မှု(၂)ဝန်ကြီးက ပြောကြားခဲ့ကြောင်း ယင်းနေ့က အစည်းအဝေးကို တက်ရောက်ခဲ့သူတစ်ဦးကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော်တွင် တစ်ကြိမ်၊နိုင်ငံတော် သမ္မတရုံးတွင် တစ်ကြိမ်၊ဆင်းရဲမွဲတေမှု လျော့ချရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် တစ်ကြိမ်၊ မိန့်ခွန်းများပြောခဲ့ပြီး၊ ယင်းမိန့်ခွန်းများထဲမှ ပြည်သူလူထုအား ဂတိပေးထားချက်အချို့ကိုလည်း အကောင် အထည် ဖော်ဆောင်နိုင်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအင်အား စုပါတီမှ ခေါင်းဆောင် တစ်ဦးကဆိုသည်။

သတင်း.. YC(KS)