17 June 2010

ပြည်သူ့ အင်အားနဲ့  နအဖအာဏာရူးတို့ ရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြစို့  - With The Power of People, We boycott the SPDC’s 2010 Elections!

နအဖရဲ့  ကိုယ့်အကွက် ကိုယ်ထွင်ထားတဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် မဲရုံသရုပ်ပြပွဲကို ဇွန်လ ၁၂ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ် အ.ထ.က(၁) ကျောင်းဝင်းအတွင်းမှာ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

ဒီရွေးကောက်ပွဲ မဲရုံသရုပ်ပြပွဲကို နအဖလက်ကိုင်ဒုတ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ်တဲ့ သိန်းစိုးနဲ့  အဖွဲ့ ဝင်တွေ ကြည့်ရှူလမ်းညွှန်ခဲ့ကြပြီး သူတို့  ခိုင်းစေထားတဲ့သူတွေက ဆန္ဒမဲပေးတဲ့ ပုံစံများတွေနဲ့  သရုပ်ပြသခဲ့ကြကြောင်း သိရှိရပါတယ်။

နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲရေတွက်ရာမှာ ဆန္ဒမဲများပေးပြီးပါက မဲရုံမှူးတွေက အများပြည်သူရှေ့မှောက်မှာ ဆန္ဒမဲလက်မှတ်တွေကို ရေတွက်ရမယ်တဲ့။ ရွေးကောက်ပွဲနေ့မှာ မဲရုံတွေကို မနက် ၆ နာရီကတည်းက စဖွင့်မှာဖြစ်ပြီး ညနေ ၄ နာရီတွင် ပိတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

နအဖတွေ ပြောပြောနေတဲ့ “အများပြည်သူရှေ့ မှောက်မှာ ဆန္ဒမဲတွေ ရေတွက်ရမယ်” ဆိုတာ သူ့ လူနဲ့ သူ လက်ဝါးချင်းရိုက်ပြီး မဲတွေရေတွက်ပြမယ်၊ ပြီးရင် သူတို့ ရဲ့ မီဒီယာကနေ မဲတွေ ဘယ်လောက်ရပါတယ်ဆိုပြီး သတင်းတွေ လွှင့်မယ်၊ ဒါမျိုးတွေနဲ့  မဲလိမ်ပြနေတာ ကြာပါပြီ။

မြန်မာပြည်ရဲ့ အလှမ်းဝေးတဲ့ နေရာဒေသက ပြည်သူတွေရဲ့ မဲတွေ၊ ဌာနဆိုင်ရာ အလုပ်ရုံစက်ရုံတွေမှာ ခြိမ်းမြောက်ပြီး ကောက်ယူတဲ့ မဲတွေ၊ အကြောင်းအမျိုးမျိုးပြပြီး ကြိုတင် ကောက်ယူထားတဲ့ မဲတွေ၊ အစရှိတဲ့ မဲတွေကိုတော့ ဖျောက်ပြီး မဲလိမ်ပါဦးမယ်။

၁၉၉၀ ခုနှစ်က ပြည်သူတွေ မဲပေးခဲ့ကြတာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ပါဝင်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကို ထောက်ခဲမဲတွေ တစ်ခဲနက် ပေးခဲ့ကြတယ်။ ၂၀၀၈ ခုနှစ် နအဖရဲ့  အတုအယောင် ဖွဲ့ စည်းအုပ်ချူပ်ပုံဥပဒေအတွက် မဲပေးကြရတဲ့အခါမှာ နအဖက သူတို့  ဖာသာ အကွက်ဆင်ထားတဲ့အတိုင်း ပေးခဲ့ကြတဲ့ မဲတွေကို ထောက်ခံမဲအဖြစ် ဖန်တီးယူပြီး ဒီ နအဖဖွဲ့ စည်းအုပ်ချူပ်ပုံကို ဗြောင်လိမ်ပြီး အတည်ပြုခဲ့ကြတယ်။

ကျွန်တော်တို့ ပြည်သူတွေ ၁၉၉၀ ခုနှစ်တုန်းက အပြည့်အ၀ မဲပေးခဲ့ကြတာကို တွက်ဆပြီး နအဖက အခု ၂၀၁၀ ရွေးကောက်ပွဲမှာ ဒီလို ဖြစ်အောင် ပြည်သူတွေကို မဲမပေး ပေးအောင်၊ မဲပေးလာအောင် သူတို့  လိုချင်တဲ့ အကွက်ဆင်ထဲ လှည့်ဖြားသွင်းနေပါတယ်။

အခု နအဖအာဏာရူးတွေကို တရားဝင်အစိုးရဖြစ်အောင် ဖန်တီးယူမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲပေးကြရမယ်ဆိုရင် ပေးတဲ့မဲ ကန့် ကွက်မဲဘဲဖြစ်ဖြစ် ထောက်ခံမဲဘဲဖြစ်ဖြစ် နောက်ဆုံးမှာ နအဖအာဏာရူးများနဲ့  လက်ပါးစေများသာ သီးသန့် ဖြစ်နေတဲ့ နိုင်ငံရေးပါတီတွေက အနိုင်ရတယ်ဆိုပြီး နအဖ ယူနီဖောင်းနဲ့  အရပ်ဝတ်အစိုးရအတု ဖြစ်တော့မှာ သေချာတယ်။

ဒီနေရာမှာ ကျွန်တော်တို့  ပြည်သူတွေ မဲပေးပြီး ကန့် ကွက်မဲ (Vote No) ပေးရမလား ဒါမှ မဟုတ် မဲမပေးဘဲ (No Vote) နေရမလား ဆိုပြီး ဇဝေဇ၀ါ ဖြစ်နေရမယ့် အချိန်မဟုတ်တော့ပါဖူး။ မဲများ မပေးလိုက်မိရင် ငါတို့ မပေးလိုက်ဘဲ သူ့ တို့ လူနဲ့  သူတို့ ပေးတဲ့ မဲတွေနဲ့ များ အနိုင်ရသွားမလားဆိုပြီးတော့လည်း စိုးရိမ်နေရမယ့် အနေအထား မဖြစ်သင့်ပါဖူး။ ကျွန်တော်တို့  ပြည်သူတွေ မဲပေးပြီး ကန့် ကွက်လည်း အဲ့ဒီ ကန့် ကွက်မဲအရေအတွက်က မှန်မှန်ကန်ကန်နဲ့  ထွက်ပေါ်လာမှာ မဟုတ်ပါဖူး။

ဒီ နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲဟာ သူ့ ဖာသာ ရွေးကောက်ပွဲ ဥပဒေတွေထုတ်၊ ရွေးကောက်ပွဲကော်မရှင်ကို သူ့ လူ သူခန့် ၊ သူ့ လူနဲ့ သူ မဲရုံဆောက်၊ သူ့ လူနဲ့  သူ မဲရေတွက်၊ သူ့ လူကို သူတင်ပြီး ပြည်သူတွေ ကန့် ကွက်မဲပေးလည်း ဘာမှထူးမှာ မဟုတ်တဲ့အတွက် အဖြေ ရှင်းရှင်းကြီးပါဘဲ။

ကျွန်တော်တို့  ပြည်သူလူထုတွေ ဖြစ်ကြတဲ့ အလုပ်သမားဝန်ထမ်းတွေအနေနဲ့ လည်း နအဖတွေက ခြိမ်းခြောက်ပြီး မဲဆန္ဒအတင်းပေးခိုင်းတာ ကြိုတင်မဲတွေ ပေးခိုင်းရင် တိုင်းပြည်နဲ့  လူမျိုး အာဏာရူးများရဲ့  လက်အောက်မှာ ဆက်လက်ဖိနှိပ်ခံမနေရဖို့ အတွက် မိမိတို့  တတ်နိုင်တဲ့နည်းများနဲ့  နအဖ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ပေးကြပါလို့  အထူးတိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့  ပြည်သူတွေ စုစုစည်းစည်းနဲ့  တိုက်ရမယ့်ပွဲကတော့ “ နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ သပိတ်မှောက်ကြဖို့ ပါ”။

နအဖအာဏာရူးတွေ တရားဝင်အစိုးရအဖြစ် အသွင်ပြောင်းဖို့  အသည်းအသန်လုပ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်တော်တို့ ရဲ့  ပြတ်သား ရဲရင့်သော ဆုံးဖြတ်မှုနဲ့  အလျဉ်း မဲမပေးဘဲ သပိတ်မှောက်ကြပါစို့ လို့  အမျိုးသားရေးအဖြစ် အနူးအညွတ် တိုက်တွန်းအပ်ပါတယ်။