18 June 2010

၂၀၁၀ ကိုကျော်သူ၏ လူမှုရေး တတိယခြေလှမ်း

၂၀၁၀ လူမှုရေး တတိယခြေလှမ်း

၃/၂၀၁၀ ဈာပန ပို့ဆောင်ရေးသင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ အသင်းသား အသစ်များအား ၁၇ - ၆ - ၂၀၁၀ (ကြာသပတေးနေ့)တွင် နံနက် (၉း၀၀) နာရီမှ ညနေ (၃း၀၀) နာရီအထိ အသင်း၏ ဥက္ကဌ ဦးကျော်သူ၊ တွဲဖက်အတွင်းရေးမှူး ဦးဇင်ထွန်းအောင်၊ ပြန်ကြားရေးဌာနမှ ဒေါ်မေဇွန်ဦး တို့မှ သင်ကြားပေးခဲ့ပါသည်။

ယင်း သင်တန်းအား (၁) လ တိတိ ပို့ချမည် ဖြစ်ပြီး၊ နောက် ဖျတ်ခနဲပေါ် ဆတ်ခနဲလုပ် (ဓါတ်ပုံသင်တန်း)နှင့် သရုပ်ဆောင်သင်တန်း (လူမှုဆက်ဆံရေးသင်တန်း)ကို ဆက်လက် တက်ရောက်ရမည် ဖြစ်ပါသည်။
၂၀၁၀ ခုနှစ်အတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် လူမှုရေးသင်တန်းသည် ယခုဆိုလျှင် တတိယမြောက်သင်တန်းဖြစ်ပါသည်။ ဤကဲ့သို့ သင်တန်းများ ပို့ချသင်ကြား ပေးခြင်းသည် နာရေးကူညီမှု လူမှုရေးလုပ်ငန်းရပ် တစ်ခုတင်မက ပြည်သူလူထု လိုအပ်မှုများကို ဖြည့်ဆည်း ပံ့ပိုး ကူညီမှုများ လုပ်နိုင်ရန် အတွက်၎င်း၊ လူမှုဆက်ဆံရေး ယဉ်ကျေးသိမ်မွေ့စေရန် ၄င်း၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး သီလလုံခြုံသော အနာဂတ် မျိုးဆက်သစ် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရန် ရည်ရွယ်၍ အတွေ့အကြုံများကို ရှင်းလင်းတင်ပြ ပို့ချပေးခြင်း ဖြစ်သည်။

ယင်း သင်တန်းတွင် မျိုးဆက်သစ် သင်တန်းသူ/သားများမှ မိမိတို့ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လုပ်အားပေးခြင်း၊ ပြည်သူလူထုအပေါ် ပေးဆပ်မှုများ ပြုလုပ်ခြင်းတို့နှင့် ပတ်သက်၍ မိမိတို့၏ ခံစားချက်များ ဆန္ဒများအား တစ်ဦးချင်း ဖော်ထုတ် ပြောကြားခဲ့ကြပါသည်။



ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။