13 June 2010

ဟိန်းဆေးဆိုင် ပိုင်ရှင် ဦးမောင်မောင်အေးကို အမည်ပျက်စာရင်း (Black List) တွင် ထည့်သွင်းလိုက်ခြင်း

အထူးကု ဆရာဝန်ကြီးများ၏ ခွင့်ပြုချက်ဖြင့်သာ ရောင်းချနိုင်သော ထိန်းချုပ်ဆေးဝါးများ ရှာဖွေ တွေ့ရှိခဲ့ရသဖြင့် ဟိန်းဆေးဆိုင် ပိုင်ရှင် ဦးမောင်မောင်အေးကို အမည်ပျက်စာရင်း (Black List) တွင် ထည့်သွင်း သတ်မှတ် လိုက်ကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၏ တရားဝင် ထုတ်ပြန်ချက်များ အရ သိရှိရသည်။

ထိန်းချုပ်ဆေးဝါးဟုဆိုရာတွင် ဆေးစွဲမှု ဖြစ်စေသည့် ဆေးဝါးများ (ဥပမာ- ဒိုင်ယာဇီပင်) ကဲ့သို့သော ဆေးဝါးများ ပါဝင်ပြီး ဆေးဆိုင်များတွင်လည်း ရောင်းချခွင့် တားမြစ်ထားကြောင်း ဆေးဆိုင် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်း တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ မအူကုန်း လမ်းကျယ်၊ အမှတ် ၁၉/၂၁တွင် ဖွင့်လှစ် ရောင်းချလျက်ရှိသော ဟိန်းဆေးဆိုင်တွင် ဆရာဝန်ကြီးများ၏ ခွင့်ပြုချက်ဖြင့်သာ ရောင်းချနိုင်သော ထိန်းချုပ်ဆေးဝါးများ ရှာဖွေတွေ့ရှိရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက အကြောင်းကြားခဲ့သည့်အတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီးရုံးက အမိန့်ကြေညာစာအမှတ် ၁၄/၂၀၁၀ ဖြင့် အမည်မည်းစာရင်း ထည့်သွင်းကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်ဟု The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။