မြတ်လေးငုံ
14 June 2010
Equation ညီမျှခြင်း လူထု အကျိုး ပြု လူငယ်များအဖွဲ့ ၏ လှူဒါန်းမှု
၁၂.၆.၂၀၁၀ ရက်နေ့မှာ သန်လျင် မြို့နယ် ဗိုလ်ချုပ်ကျေးရွာ က၀န ၀ါသီ အေးရိပ်စံ သီလရှင် စာသင်တိုက်မှာ ဆင်းရဲနွမ်းပါးတဲ့ မူလတန်း ကျောင်းသူကျောင်းသား (၈၉) ဦးကို ဖတ်စာအုပ် စာရေးစာအုပ် လွယ်အိတ် ခဲတံ ခဲဖျက် အစုံလိုက် လှူဒါန်းခဲ့ပြီး။ သီလရှင် ဆရာကြီး ဆရာလေး (၁၄) ပါးနဲ့ ကျောင်းသူကျောင်းသား (၈၉) ဦးတို့ကို နေ့လည်စာ ကြာဇံကြော် ကျွေးမွေးခဲ့ပါသည်။
သီလရှင် (၁၀) ဦး ကျောင်းအပ်ဖို့ တစ်ပါးကို ငွေ (၅၀၀၀) ထောင်နှုန်းနဲ့ ငွေ ငါးသောင်း လှူဒါန်းခဲ့ပြီး၊ အခု လှူဒါန်းသည့်အဖွဲ့ နာမည်မှာ (Equation) ညီမျှခြင်း လူထု အကျိုး ပြု လူငယ်များအဖွဲ့ဖြစ်ပါသည်။ ၂၀.၆.၂၀၁၀ ရက်နေ့မှာ အလှူ တစ်ခု ရှိပါသည် လှည်းကူး မြို့နယ် မရမ်းချောင်း ကျေးရွာ မှာ ရှိတဲ့ အနာကြီး ရောဂါသည် မိသားစု တွေ အတွက် အ၀တ်အစား ဆေးဝါး အစားအစာ ငွေကြေး များကို လှူ ဒါန်းမှုပြုလုပ်မဲ့ အပြင် သူတို့ရဲ့ သားသမီး တွေအတွ့က် စာရေး ကိရိယာ တွေ လှူ ဒါန်းသွားဖို့ ရှိ ပါသည်။
ဤဓာတ်ပုံများ ပေးပို့လာသော Equation အဖွဲ့အားကျေးဇူးတင်ရှိပါသည်။
Newer Post
Older Post
Home