16 June 2010

ရန်ကုန်မြို့ တွင် ပါရမီဂိတ်ရထားသံလမ်းအကူးရထားလမ်းဖြတ်ကူးသည့်ကားကို မြို့ပတ်ရထားက အရှိန်ပြင်းစွာ ၀င်တိုက်


ရထားလမ်းဖြတ်ကူး နေသော မော်တော်ယာဉ်အား မြို့ပတ် ရထားက အရှိန်ပြင်းစွာ တိုက်မိသော ကြောင့် မော်တော်ယာဉ်ပျက်စီးပြီး ယာဉ် ပေါ်ပါလူလေးဦးအနက် နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်တစ်ခု ဇွန် ၄ ရက်က ဖြစ်ပွားခဲ့သည်။

ရန်ကုန်ဘူတာကြီးမှ အင်းစိန် သို့ မောင်းနှင်လာသော မြို့ပတ်ရထားတစ် စင်းသည် ယင်းနေ့ ည ၁၀နာရီ ၄၅ မိနစ် တွင် အုတ်ကျင်းဘူတာနှင့် သမိုင်းဘူတာ အကြား မိုင်တိုင်အမှတ်-၆^၂၅နှင့် ၆^၂၆ တို့အကြား ပါရမီဂိတ်ရထား သံလမ်းကူး အရောက်တွင် သံလမ်းအား ဖြတ်ကူးလာ သော လိုက်ထရပ်စ်အဖြူရောင်ယာဉ်အား တိုက်မိခဲ့သည်။ ယင်းသို့ တိုက်မိသော ကြောင့် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူ အသက် (၂၀)အရွယ် မိန်းကလေးတစ်ဦး မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော်လည်း ကျန်နှစ်ဦးမှာ ထိခိုက်မှုမရှိကြောင်း သိရ သည်။

''ကားအမှားလား၊ ရထားအမှား လားဆိုတာ ရုံးမှာ စစ်ဆေးရင် အဖြေပေါ် မှာပါ။ လက်ရှိတော့ ရထားကို မီးရထား အက်ဥပေဒအရ အရေးယူစစ်ဆေးဆောင် ရွက်နေပါတယ်''ဟု အုတ်ကျင်းဘူတာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''လွန်ခဲ့တဲ့ နှစ်လကလဲ အဲဒီနေ ရာမှာ လူတစ်ဦး ရထားအကြိတ်ခံရသေး တယ်။ အဲဒီနေရာက ခဏခဏ ရထား အကြိတ်ခံရတဲ့ ရာဇ၀င်ရှိတယ်။ ရထားလာ တဲ့အချက်ပေးကိရိယာကလဲ ချို့ယွင်းနေ တယ်။ အဲဒီနေ့က ရထားက အရှိန်နဲ့ ၀င် တိုက်တော့ ကားကို အလယ်ကနေ ချိုး လိုက်သလို ကျိုးကျေပြီး လွင့်ထွက်သွား တယ်။ ကားပေါ်မှာပါတဲ့သူတွေကို သေပြီ မှတ်တာ။ နှစ်ယောက်ပဲ ဒဏ်ရာအပြင်း အထန်ရတယ်။ ကျန်တဲ့နှစ်ယောက်က တော့ ဘာမှ မဖြစ်သွားဘူး။ ဒဏ်ရာရတဲ့ နှစ်ယောက်ကို သွားကြည့်တော့မှ မသေ သေးတာနဲ့ ရန်ကုန်ဆေးရုံကြီးကို အရေး ပေါ်ပို့လိုက်ရတယ်''ဟု အခင်းဖြစ်ပွားရာကို တွေ့ရှိခဲ့သည့် မျက်မြင်သက်သေတစ်ဦးက ပြောသည်။

ယာဉ်မောင်းမှာ ခန္ဓာကိုယ်အနှံ့ ပေါက်ပြဲဒဏ်ရာများ ပြင်းထန်စွာရရှိသော ကြောင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာန တွင် ကုသခဲ့ရပြီး အသက် (၂၀)အရွယ် မိန်းကလေးမှာ ဦးခေါင်းပိုင်းအဓိကထိခိုက် သောကြောင့် ရန်ကုန်ဆေးရုံကြီးဦးနှောက် နှင့် အာရုံကြောဌာနတွင် လေးရက်ကြာမျှ ကုသခံခဲ့ကြောင်း သိရသည်။

အဆိုပါအမှုကို လှိုင်မြို့နယ် ပိတောက်ချောင်းရဲစခန်းမှ (ပ)၁၂၉^၁၀ မီးရထားအက်ဥပဒေတို့ဖြင့် ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

သတင်း YMG