ရောက်စဉ် အမှတ်တရ ဓါတ်ပုံဖြစ်ပါတယ်။ အဖွားဖြစ်သူ ဒေါ်ခင်ကြည်မှ မြေးဦးဖြစ်သူ အလက်ဇန္ဒားခေါ် မောင်မြင့်ဆန်းအောင်အား ချီပိုးထားစဉ် ဖြစ်ပါတယ်။

လက်ထပ်မင်္ဂလာအခမ်းအနား ဧည့်ခံပွဲအပြီး လန်ဒန်မြို့ ရှိ မိတ်ဆွေတစ်ဦး၏ အိမ်တွင် တွေ့  မြင်ရသော ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ ဓါတ်ပုံ ဖြစ်ပါတယ်။

၁၉၇၂ ခုနှစ် နှစ်သစ်ကူးနေ့ တွင် မောင်နှံနှစ်ဦးရဲ့  အမှတ်တရ ဓါတ်ပုံဖြစ်ပါတယ်။

၁၉၇၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့  မြန်မာနိုင်ငံသား နိုင်ငံကူးလက်မှတ်ပါ ဓါတ်ပုံဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံသားအဖြစ် ခံယူခွင့် ရှိခဲ့တာတောင် ငြင်းပယ်ခဲ့ပြီး ယခုလက်ရှိတိုင် မြန်မာနိုင်ငံသား ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား သားဖြစ်သူ အလက်ဇန္ဒားခေါ် မောင်မြင့်ဆန်းအောင်နှင့်အတူ တွေ့ မြင်ရစဉ် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်၊ သားငယ်ဖြစ်သူ ကင်မ် ခေါ်မောင်ထိန်လင်း တို့ နှင့်အတူ တွေ့ မြင်ရစဉ် ဖြစ်ပါတယ်။
(ဓါတ်ပုံများအား Guardian uk မှ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်)။

(မြန်မာပြည်သူတွေ ချစ်မြတ်နိုးတဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့  လူမျိုးအတွက် စွန့် လွှတ်အနစ်နာခံမှုပေါင်းများစွာနဲ့  ကိုယ်ကျိုးစွန့်  ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ခင်ပွန်းသည် မိုက်ကယ်အဲရစ် နေထိုင်မကောင်းဖြစ်တဲ့အချိန် ကွယ်လွန်သည့်အချိန်မှာလည်း မတွေ့ ဆုံလိုက်ရပါ။ ယခုအချိန်ထိလည်း သူမ၏သားနှစ်ဦးနဲ့  လည်း ကွဲကွာနေရတဲ့အချိန်တွေ နှစ်တွေချီနေပြီ ဖြစ်ပါတယ်။ သူမ၏ဘ၀တစ်ခုလုံးကို ၁၉၈၈ ခုနှစ်ကနေ စပြီး ယခုအချိန်ထိတိုင်အောင် မြန်မာပြည်သူတွေအတွက် ပေးဆပ်စွန့် လွှတ်နေဆဲ ဖြစ်ပါသည်)။

ကျမတို့ခေါင်းဆောင်၏ငယ်ဘဝပုံရိပ်

ဓာတ်ပုံများအားပေးပို့ ပေးသော ကိုတိုးလွင် နှင့် ကိုနစ်နေမန်း အားအထူးကျေးဇူးတင်ရှိပါသည်.။