11 October 2010

စင်ကာပူရောက် ရွှေမြန်မာများမှ ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး အား ဂါရဝပြုပွဲ အခမ်းအနား ဓာတ်ပုံမှတ်တမ်း...





စင်ကာပူမှ ဘဘကိုချစ်ခင်လေးစားတဲ့ မြန်မာနိုင်ငံသားများ



စင်ကာပူနိုင်ငံမှာ မျက်စိခွဲစိတ်ကုသဖို့ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး အား စင်ကာပူနိုင်ငံရောက် ရွှေမြန်မာများမှ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာနဲ့ အညီ. ဂါရဝပြုနှုတ်ဆက်ပွဲ အခမ်းအနားအား ယနေ့နေ့လည် ၁နာရီက တိုပါယိုး မြန်မာ ဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်..။ အစီအစဉ်ကို နေ့လည်(၁)နာရီမှ (၂)နာရီထိ ကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း ဘဘဦးတင်ဦးအား လာရောက် ဂါဝရပြုသူ များပြားသောကြောင့် နေလည် (၂)နာရီခွဲအထိ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ လူဦးရေ ၂၀၀ ကျော်ခန့် ဘဘဦးတင်ဦးအား လေးစားချစ်ခင်သူများမှ လာရောက် တွေ့ဆုံ ဂါရဝပြုနှုတ်ဆက် ကြကြောင်းသိရှိရပါတယ်။

စင်ကာပူမှ ဘဘကိုလေးစားချစ်ခင်သူ တစ်ဦးမှ ပြောဆိုတာကတော့ " အရမ်းအားရဖို့ ကောင်းပါတယ်... လူတိုင်းရဲ့ရင်ထဲမှာ စိတ်ဓာတ်တွေ ကျန်နေသေးတယ် ဆိုတာသိရတော့ အရမ်းကြည်နှုးဖို့ ကောင်းပါတယ်.. လူဦးရေ ၂၅၀လောက် ရှိမယ်ထင်တယ်.. လူကြီးလူငယ် အရွယ်မျိုးစုံလေ.. ဘဘကို အနီးကပ်တွေ့ရပြီး ဘဘပေးတဲ့ ဆုတောင်း မေတ္တာသံတွေ ကြားရတာ အရမ်းကြည်နှုး ဝမ်းသာမိပါတယ်" ဟုပြောဆိုသွားပါတယ်...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦးဟာ ပြီးခဲတဲ့ စက်တင်ဘာလ ၂၈ရက်နေ့က စင်ကာပူနိုင်ငံ သို့မျက်စိခွဲစိတ်ကုသရန် ရောက်ရှိခဲ့ပါတယ်။ မျက်စိတွင်း သွေးယိုစီးမှုကြောင့် မျက်စိအတွင်းလွှာကို သွေးခဲများက ဖုံးအုပ်ခဲ့တဲ့ အတွက် Tang Tock Seng ဆေးရုံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ရက်နေ့က မြန်မာဆရာဝန်များမှ အောင်မြင်စွာ ခွဲစိတ်ကုသခဲ့ပါတယ်..။ မနက်ဖြန် တနလာင်္နေ့မှာ ဆရာဝန်၏ ထပ်မံစမ်းသပ် စစ်ဆေးပြီး ဆရာဝန်၏ ခွင့်ပြုချက် ရရှိပါက ၁၄ရက်နေ့တွင် မြန်မာပြည်သို့ ပြန်ခွင့်ရရှိမှာ ဖြစ်ပါတယ်..။


ဓာတ်ပုံများအတွက် ကိုဝင်းမြင့်၊ မအေးမာနဲ့ ဗမာ့သွေးတို့အား ကျေးဇူးတင်ပါသည်..။