11 October 2010

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်၌ ဒါးပိန်ဘူတာ အကျော်တွင် ရထား၂ စင်းတိုက်မှု ဖြစ်ပွားခဲ့ရာ မြန်မာ့မီးရထားဝန်ထမ်း ၃ ဦးဒဏ်ရာရရှိ


အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်၌ ရန်ကုန်တိုင်း အတွင်းရှိ ဒါးပိန်ဘူတာအကျော် ပဲခူးတိုင်း အတွင်းတွင် ရထားနှစ်စင်းတိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ သိရှိရသည်။

ဖြစ်စဉ်မှာ အမှတ် ၈၀၃ ဆီတင်ကုန်ရထားတွဲနှင့် အမှတ် ၁ အဆန်စာပို့ရထားတို့ နံနက် ၅ နာရီခွဲ ၀န်းကျင်းအချိန်၌ တိုက်မိခဲ့ကြခြင်း ဖြစ်ပြီး ထိုသို့ မီးရထားနှစ်စင်း တိုက်မိမှုကြောင့် မြန်မာ့မီးရထားမှ ၀န်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက''ဒီနေ့ နံနက် ၅ နာရီခွဲ အချိန်မှာ အမှတ် ၈၀၃ ဆီတင်ကုန်ရထားတွဲနဲ့ အမှတ် ၁ အဆန်စာပို့ရ ထားနှစ်စင်း တိုက်မိပါတယ်။ လတ်တလောသတင်းတွေအရ ဆီတင်ကုန်တွဲရထားက လမ်းရှောင်ဖို့အတွက် လမ်း လွှဲဝင်တဲ့အချိန်မှာ နောက်ကလာတဲ့ အမှတ် ၁ ရထားက ၀င်ဆောင့်တယ်လို့အကြမ်းဖျင်း သိရပါတယ်။ဒီ မတော်တဆဖြစ်ပွားမှုကြောင့် မြန်မာ့မီးရထားဝန်ထမ်း ၃ ဦး ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဒါးပိန်ဘူတာအကျော် နယ်နမိတ်သည် ပဲခူးတိုင်းအတွင်း ရောက်ရှိနေကြောင်း၊ ကျန်ရထားခရီးစဉ်များကိုလည်း ပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိကြောင်း news-eleven ဂျာနယ်တွင်ဖော်ပါရှိသည်။