တကယ် အရေးကြုံရင် ပြည်သူအတွက် အမြဲအကာအကွယ် ပေးလှုဒါန်းနေတာကတော့ ပုံထဲမှာ မြင်ရတဲ့အတိုင်း ရန်သူမျိုးငါးပါး မကြောက်တဲ့ သံဃာတော်တွေပါပဲ..
မန္တလေးမြို့မှာ ဆည်တော်ကြီးနှင့် ဆည်တော်လေး ရေလှောင်တမံမှ ရေများ ဖောက်လွှတ်လိုက်တဲ့အတွက် ရေဘေးဒုက္ခ ကြုံတွေ့နေရပါတယ်။ ဖြစ်ပုံမှာ ပြီးခဲ့တဲ့ ၁၁ရက်နေ့ညက ဆည်ကျိုးတယ် ဆိုပြီး အာဏာပိုင်တွေက အနီးအနားရွာများအား တမင်သတင်းလွှင့် ကြေငြာပါတယ်... အမှန်တကယ်မှာ ဆည်ကျိုးခြင်းမဟုတ်ပဲ ဆည်တော်ကြီးမှ ရေကိုဖောက်လွှတ်လိုက်တဲ့ အတွက်ကြောင့်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုပါတယ်.. ကြိုတင် အကြောင်းကြားခြင်းမရှိပဲ ဆည်ကျိုးသွားပြီဆိုပြီး အာဏာပိုင်တွေမှ တမင်သတင်းလွှင့်ပါတယ်..အမှန်မှာ ဆည်ရေလျှံတဲ့ အတွက်ကြောင့် ဆည်ရေကို တမင် ဖောက်လွှတ်လိုက်တာလို့ ဆိုပါတယ်..
ယနေ့နောက်ဆုံးရ သတင်းများအရ သေဆုံးသူ အလောင်း ၁၁လောင်းရရှိထားပြီး ရေမှာ ၆၂လမ်းထိ ပြန်လည် ကျဆင်းနေပြီ ဖြစ်ကြောင်း ဆိုပါတယ်.. ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအနီး ဘီလူးကျေးရွာမှ အိမ် ၂၂အိမ် ရေထဲ မျောပါသွားပြီး လူ၎ဦး ပျောက်ဆုံးနေကြောင်း အလောင်း၂လောင်းသာ ပြန်လည် ရရှိတယ်လို့ဆိုပါတယ်..။ ယခုအချိန်ထိ ရေဘေးသင့် ကျေးရွာများသို့ ထမင်းထုတ်နှင့် ဆေးဝါးပစ္စည်းများ ဝေငှမှု မလောက်မငှ ဖြစ်နေပြီး.. ကလေးငယ်များ ဝမ်းရောဂါ စတင်ဖြစ်ပွားနေပြီ ဖြစ်ကြောင်းသိရှိရပါတယ်..။
သတင်း.. ဒီမိုဝေယံ

ပြည်တွင်းမှ ပေးပို့လာသူအား အထူးကျေးဇူးတင်ပါသည်။