15 October 2010

ငဝန်မြစ်အတွင်း စက်လှေ နစ်မြုပ်ပြီး ပျောက်ဆုံးသွားသော ၃ ဦးအား သေဆုံးလျက်ပြန်တွေ့

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် ငဝန်မြစ်အတွင်း အောက်တိုဘာ ၆ ရက်က ကျောင်း ကြိုပို့စက်လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူ ၃ ဦးအား အောက်တိုဘာ ၇ ရက်တွင် ကယ် ဆယ်ရေးအဖွဲ့ဝင်များမှ သေဆုံး လျက်ရှိသည့်အနေအထားဖြင့် ပြန် လည်တွေ့ရှိခဲ့ကြောင်း လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှသိရ သည်။

အဆိုပါ ကျောင်းကြိုပို့ ဖားကူး စက်လှေမှာ အောက်တိုဘာ ၆ ရက် နံနက် ၇ နာရီခွဲအချိန်၌ လပွတ္တာမြို့နယ်မှ မိုင် ၃ဝ ခန့် ဝေး ကွာသော စလူဆိမ့်ကျေးရွာမှ ပိတောက်ကုန်းကျေးရွာသို့ ငဝန် မြစ်လက်တက်အား ဖြတ်ကူးမောင်း နှင်လာစဉ် ပဒဲကောကျေးရွာအနီး သို့အရောက် ရေဝဲမိကာ စက်လှေ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို စက် လှေပေါ်တွင် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် စလူဆိမ့်ကျေးရွာ၊ ပဒဲကော ရွာနှင့် ပိတောက်ကုန်းကျေး ရွာတို့မှ ကျောင်းသားကျောင်းသူ များ၊ ဆရာဆရာမများနှင့် မိဘ ဆရာအသင်းဝင်များ အပါအဝင် စုစုပေါင်းခရီးသည် ၇၉ ဦး လိုက်ပါ လာကြခြင်းဖြစ်ကြောင်း၊ စက်လှေ နစ်မြုပ်မှုကြောင့် မူလတန်းပြနှင့် လုပ်အားပေးဆရာမ ၂ဦး၊ အသက် ၈ နှစ်မှ ၁၅ နှစ်အတွင်းရှိ ကျောင်း သား ကျောင်းသူ ၁၄ ဦးနှင့် မိဘ ဆရာအသင်းဝင်၂ ဦးတို့ သေ ဆုံးခဲ့ပြီး မိဘဆရာအသင်းဝင်၁ ဦး နှင့် ကျောင်းသား ၂ ဦးတို့ ပျောက် ဆုံးကာ ကျန်ခရီးသည် ၅၇ ဦးအား ကယ်ဆယ်နိုင် ခဲ့ကြောင်း သိရသည်။

စက်လှေနစ်မြုပ်မှုတွင် ကယ် ဆယ်ခဲ့သည့် တာဝန်ရှိသူတစ်ဦးမှ ”ဒီကိစ္စဖြစ်ဖြစ်ချင်း ကလေးတွေကို ကယ်ဖို့ အမြန်ဆုံးစီစဉ်ခဲ့ရတယ်။ အခု ဖြစ်သွားတဲ့ စက်လှေမှာပါတာ က စလူဆိမ့်ရွာက အများဆုံးပဲ။ ပျောက်နေတဲ့ မောင်ဆပ်ပိုင်မှူး၊ မောင်ဝင်းမင်းကိုနဲ့ မလှမျိုးအေးတို့ ကိုလည်း အောက်တိုဘာ ၇ ရက် က ရေဝေ ချောင်းထဲမှာ အလောင်း ပြန်ရခဲ့ပါတယ်။ အသက်ရှင် ကျန်ခဲ့ တဲ့ကလေးတွေကလည်း ဒီဖြစ်ရပ် ကို တော်တော်လေး ထိတ်လန့်နေ ကြတယလို့ပြောပါသည်။ ဆုံးသွားတဲ့သူတွေကို တော့ အောက်တိုဘာ ၉ ရက်မှာ မြေချပါတယ်” ဟု သိရပါသည်။