10 October 2010

တိရိစ္ဆာန်စိတ်နဲ့လူမျက်နှာတွေအုပ်ချုပ်နေကြတဲ့ကြံ့ဖွတ်ပါတီရဲ့ သားသတ်ကောင်ပြန်ကြားရေးဝန်ကြီးလူပျက်ကျော်ဆန်း ပုလဲတွင် အရွေးခံ မည်ဖြစ်ကြောင်း သိရ


မုံရွာခရိုင်အတွင်း လွှတ်တော်အသီးသီး၌ လွှတ်တော်ကိုယ်စားလှယ် ၇၂ဦး ယှဉ်ပြိုင်မည်ဖြစ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဦးကျော်ဆန်း ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ပြည်သူ့လွှတ်တော်အတွက် ပုလဲတွင် အရွေးခံ မည်ဖြစ်ကြောင်း သိရသည်။

မုံရွာခရိုင်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တို့ ၀င်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီတို့သည် မုံရွာခရိုင်အတွင်း မဲဆန္ဒနယ်အပြည့်ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်း..YGM