11 October 2010

တိရိစ္ဆာန်စိတ်နဲ့လူမျက်နှာတွေအုပ်ချုပ်နေကြတဲ့ကြံ့ဖွတ်ပါတီဝင်သမဝါယမဝန်ကြီး ဦးတင်ထွဋ် ဇလွန်မြို့နယ်တွင် နည်းမျိုးစုံဖြင့် စည်းရုံးရေးလုပ်နေ


သမဝါယမဝန်ကြီး ဦးတင်ထွဋ်သည် ၂၀၁၀ ရွေးကောက်ပွဲ ကြံ့ဖွံ့ထောက်ခံမဲ ရရေးအတွက် ဇလွန်မြို့နယ်အတွင်း စည်းရုံးမှုမျိုးစုံ ပြုလုပ်နေလျှက်ရှိသည်။ဧရာဝတီတိုင်း၊ ဇလွန်မြို့ဈေးကြီးအတွင်းမှ ဆိုင်ခန်းများကို လျော့ဈေးနှုန်းဖြင့် ရောင်းချပေးနေပြီး ချေးငွေထုတ်ပေးခြင်းများ ပြုလုပ်နေကြောင်း မြို့ခံတဦးက ပြောသည်။

“ဈေးထဲက ဆယ်သိန်း ဆယ့်ငါးသိန်းပေါက်တဲ့ ဆိုင်ခန်းတွေကို ကြံ့ဖွံ့က (၇) သိန်းနဲ့ ရောင်းပေးတယ်၊ အဲဒီဟာ ဝယ်မဲ့ငွေကိုလည်း အတိုး (၈) ကျပ်နဲ့ ထုတ်ချေးပေးပြီး စည်းရုံးမှုတွေ လုပ်နေတာ” ဟု ပြောသည်။အဆိုပါချေးငွေကို သုံးလလျှင် တကြိမ်အတိုးငွေနှင့် အရင်းငွေ ကျပ်တသိန်းကို ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

ထို့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်အဖြစ် လက်ခံသူများကို တယ်လီဖုန်းများ ချပေးသည့် အစီအစဉ်ကိုလည်း ဝန်ကြီးဦးတင်ထွဋ်က လုပ်ကိုင်နေကြောင်း မြို့ခံက ပြောသည်။“ဇလွန်မြို့နယ်အတွင်းမှာ ကျပ်ငါးသိန်းတန်ဖုန်း အလုံး (၁၅၀) ချပေးထားတယ်၊ ဖုန်းဝယ်တဲ့သူတွေက ငွေငါးသောင်း အပိုပေးရတယ်၊ ပြီးတော့ ကြံ့ဖွံ့ပါတီဝင်လုပ်ရတယ်” ဟု ပြောသည်။

လယ်သမားများကိုလည်း ငွေထုတ်ချေးခြင်းများ ပြုလုပ်ပြီး စုငွေအဖြစ် ငွေကြေးဖြတ်ယူ သိမ်းဆည်းထားမှုများလည်း ပြုလုပ်နေလျှက်ရှိသည်။“လယ်သမားတဦးကိုငွေ တသိန်းချေးတယ်၊ အဲဒီမှာ ဦးတင်ထွဋ်က (၈၅,၀၀၀)ရှစ်သောင်းခွဲဘဲ ပေးတယ်၊ ကျန်တဲ့ တသောာင်းခွဲကို စုငွေအတွက်ဆိုပြီး ပြန်သိမ်းထားတယ်၊ အတိုးကတော့ သုံးကျပ်နှုန်းနဲ့၊ စည်းရုံးမှုတွေကတော့ မျိုးစုံလုပ် နေတာဘဲ” ဟု မြို့ခံကပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း၊ ဇလွန်မြို့တွင် ကြံ့ဖွံ့ပါတီမှ ဦးစန်းမောင်(ယခင်ညီလာခံ တက်ဖူးသူ)၊ တိုင်းဒေသကြီးအတွက် ဦးတင်ထွဋ် (သမ၀ါယမ ၀န်ကြီး)၊ ဦးလှခိုင် (မြို့နယ်ကြံ့ဖွံ့အတွင်းရေးမှူး) တို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး (တစည)ပါတီမှ တိုင်းဒေသကြီးအတွက် ဦးလှမြင့် (ကေသီပန်)၊ ဦးစန်းအေး (ယခင် မဆလပါတီမှ ပါတီဝင်ဟောင်း ကျောက်ဆေးထိုးဆရာ)၊ ဦးမြသောင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။


သတင်း..ရိုးမ(၃)