အောက်တိုဘာလ (၁၃)ရက်နေ့ ဆိုတာ မြန်မာ့ ရုပ်ရှင်နေ့ ဖြစ်တာကြောင့် ဒီနေ့ မနက်မှာ ရုပ်ရှင် အစည်းအရုံးက သက်ကြီး ၁၁၆ဦးတို့ကို ကန်တော့ဖို့ ဖိတ်ကြားခဲ့ရာ အသက် ၁၀၂ နှစ်အရွယ်ရှိ ဒေါ်နန်းလည်း တက်ရောက် ခဲ့ပါတယ်။
ဒေါ်နန်းက သုခုမ ရုပ်ရှင်ပိုင်ရှင် ဖြစ်ပြီး သရုပ်ဆောင် ဒါရိုက်တာ မောင်မောင်မြင့်၊ ခင်စန်းရီ (ညီမလေးရယ် စိုးရိမ်မိတယ်) တို့ရဲ့မိခင်၊ ပြေငြိမ်းရဲ့ အဖွား ဖြစ်ပါတယ်။ ကန်တော့ကြလို့ အပြီးမှာ ဒေါ်နန်း ရုတ်တရက် သတိလစ် သွားတာကြောင့် အရန်သင့် ခေါ်ထားတဲ့ ရန်ကုန်တိုင်း ကြက်ခြေနီ ကားနဲ့ SSC အထူးကု ဆေးခန်းသို့ ပို့ဆောင် လိုက်ကြပါတယ်။
ငါးမိနစ် စောပြီး ရောက်လာတာကြောင့် ဒေါ်နန်းရဲ့ အသက်ကို ဆရာဝန်များ ကယ်လိုက်နိုင်ကြောင်း သိရပါတယ်။ သက်ကြီး ပူဇော်ပွဲသို့ သက်ကြီး ၉၉ ဦးတို့ တက်ရောက် ခဲ့ကြပါသည်ဟုရွှေအမြုတေ မဂ္ဂ္ဂဇင်းတွင်ဖော်ပြထားပါသည်။