13 July 2010

မြန်မာ့ယဉ်ကျေးမှုနှင့် ဆီလျော်ကိုက်ညီမှု မရှိသော သရုပ်ဆောင်ဓာတ်ပုံများအား လွန်ကဲစွာ ဖော်ပြထားမှုအတွက် ဂျာနယ်အချို့ကို ထုတ်ဝေခွင့် ယာယီရပ်ဆိုင်း

မြန်မာ့ယဉ်ကျေးမှုနှင့် ဆီလျော်ကိုက်ညီမှု မရှိသော ၀တ်စားဆင်ယင်မှုနှင့် ကိုယ်ဟန်အနေအထား ပါရှိသည့် သရုပ်ဆောင်ဓာတ်ပုံများအား လွန်ကဲစွာ ဖော်ပြထားမှုအတွက် ဂျာနယ်အချို့ကို ဌာန၏ စီမံခန့်ခွဲမှု နည်းလမ်းအရ ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်း အရေးယူထားကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံရသည့် ဂျာနယ်များမှာ ပေါ်ပြူလာ အနုပညာဂျာနယ်နှင့် Envoy သတင်းဂျာနယ်တို့ ဖြစ်ကြောင်း သိရပါသည်။

"တစ်ခုခုဆိုရင် ကျွန်တော်တို့က တားဆီးတယ်၊ ပိတ်ပင်တယ်ဆိုပြီးတော့ပဲ အမြဲဝေဖန်ခံရပါတယ်။ တကယ်တော့ လွတ်လပ်တယ်ဆိုတဲ့ နေရာမှာ အကန့်အသတ်ရှိရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများနဲ့ ပတ်သက်တဲ့ စာပေလွတ်လပ်မှုဟာ လွန်ခဲ့တဲ့ ငါးနှစ်ကနဲ့ နှိုင်းယှဉ်ရင် ကွာခြားမှု အများကြီးရှိတယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အလားတူပဲ ခေတ်ပြောင်း၊ စနစ်ပြောင်းနဲ့အတူ တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျော့သွားဖို့ ကြိုးစားလုပ်ဆောင်နေကြချိန်မှာ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုရှိရှိ၊ ဆောင်ရွက်သွားနိုင်ဖို့ အထူးလိုအပ်ပါတယ်။ ဒီနေရာမှာ သတိပြုသင့်ကြတာက ကျွန်တော်တို့လူမျိုးရဲ့ အမျိုးသားရေး စရိုက်လက္ခဏာနဲ့ ဘာသာ၊ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေကို မမေ့ပျောက်မိစေကြဖို့ပါပဲ။ အနောက်မှာ အနောက်စံ၊ အာရှမှာ အာရှစံ ရှိရမှာဖြစ်သလို မြန်မာမှာ လည်း မြန်မာ့တန်ဖိုးဆိုတာရှိရမှာ ဖြစ်ပါတယ်။ ဒီအတွက် လွတ်လပ်မှု ဆိုတိုင်းအကန့်အသတ်မရှိ၊ အတိုင်း အဆမရှိလုပ်လာကြမှာမျိုးကိုတော့ လက်ပိုက်ကြည့်နေလို့ မရနိုင်ပါဘူး။ရှေ့လျောက် ထိထိရောက်ရောက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်"ဟု အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။

ယခုအခါတွင် သရုပ်ဆောင်၊ မော်ဒယ်လ်အချို့သည် အဖော်အချွတ်ဘက်သို့ ဦးတည်ဝတ်ဆင်လာကြပြီး ယင်းကဲ့သို့ ၀တ်ဆင်မှုများကို ဂျာနယ်အချို့က ဖော်ပြခဲ့သည့်အတွက် ပိတ်ပင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

"ခေတ်ရေစီးကြောင်းကို မတားလိုသလို၊ ခေတ်နဲ့အညီ ၀တ်စားဆင်ယင်တာကို လက်ခံပေမယ့် အဖော်အချွတ်ကိုတော့ လက်မခံပါဘူး။ အခုလိုမျိုး စာနယ်ဇင်းတွေ (Printed Media) မှာ အဖော်အချွတ်တွေ ဖော်ပြခွင့်မပြုတာ၊ အရေးယူတာကိုတော့ ကြိုဆိုပါတယ်။ ဒါပေမယ့် စာနယ်ဇင်းတွေမှာ ဖော်ပြခွင့်မပြုဘဲ အရေးယူသလို အခြားတစ်ဖက်မှာလည်း မော်ဒယ်လ်တွေနဲ့ ဖက်ရှင်ရှိုးတွေ၊ စင်တင်တေးဂီတ ဖျော်ဖြေပွဲတွေ အပါအ၀င် ရုပ်ရှင်ဂီတ အစရှိတာတွေမှာပါ ထိရောက်တဲ့ ဟန့်တားမှုတွေ လုပ် ဆောင်စေချင်ပါတယ်။ တချို့ဆိုရင် အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံတာတွေတောင် ရှိတဲ့အတွက် မော်ဒယ်လ်တွေ၊ သရုပ်ဆောင်တွေအနေနဲ့လည်း ၀တ်စားဆင်ယင်မှုကို ဂရုပြု ဆင်ခြင်သင့်ပါတယ်။ စာပေနဲ့စာနယ်ဇင်းတွေမှာတင် မကဘဲ ရုပ်ရှင်၊ ဂီတဘက်က တာဝန်ရှိသူတွေ အနေနဲ့လည်း အခုလိုပဲ ထိန်းသိမ်းပေးသင့်တယ်လို့ ထင်ပါတယ်"ဟု ဂျာနယ်လစ်တစ်ဦးက သုံးသပ်ခဲ့ပါသည်ဟု eleven ဂျာနယ်တွင် ဖော်ပြရှိပါသည်.။


ထိုသတင်းနှင့် ပါတ်သက်ဆက်နွယ်မှု များကိုဤသို့ပြန်လည်ဝေဖန်သုံးသပ်လိုက်ပါသည်.


ထိုသို့အမိန့် တွေကိုထုတ်ပြန်ထားပြီး.ထိုသူများသာ မြန်မာအမျိုးသမီးတော်တော်များကို အဖော်အချွတ်
လုပ်ငန်းတွေကိုလက်ခံခဲ့ပြီးပြုံးပြုံးရွှင်ရွှင်ကြိုဆိုခဲ့ကြတာပါ.။သားသမီးချင်းမစာနာ၊မောင်နှမချင်းမစာတာကြဘဲ၊
ထိုသို့အမိန့်တွေကို ထပ်ကာတလဲလဲထုတ်ပြန်ထားကြပြီး ထိုသူများ၏ သားသမီးများနှင့် ထိုသူတွေ၏ မိသားစုအသိုင်း အဝိုင်းကိုသာ အရင်အမိန့်ထုတ်သင့်ပါကြောင်း ဂျာနယ်များတွင် အရင်းတုံးကထုတ်ဖော် ပြသခဲ့ခြင်းအား ကြေနပ်ပိတိ ဖြစ်ခဲ့ပြီး ယခုအချိန်မှ ထိုသို့အမိန့်ထုတ်ပြန်ခဲ့သော အာဏာပိုင်များနှင့် အလျင်မသင့် သောဂျာနယ်များအား ပိတ်ပင်ခြင်းများ တားဆီး ကန့်သတ်ခြင်းများ ပြုလုပ်မှုများသည်. အာဏာရှင်များသာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်.။အာဏာရှင်များ၏ လက်ကိုင်တုတ် ဂျာနယ်များဆိုလျှင် ထိုသို့တားမြစ်ထားမည်မဟုတ်ပါ။

အာဏာရှင်များနှင့် ပဏာသင့်နေကြသော စီးပွားရေးလုပ်ငန်းရှင်များ အတွက် ထိုအမိန့်သည် အလကားသာဖြစ်
နေပေလိမ့်မည်.။အထူးသဖြင့် ပြန်ကြားရေးဝန်ကြီး ဆိုသောအရှက်မရှိ ဦးကျော်ဆန်း ကိုယ်တိုင်အင်တာနက်
စာမျက်နှာတွင် ကောင်မလေးများနှင့် ပျော်ပါး စားသောက် နေသောပုံများမှာပြန်နှံနေတာလူ့အသိုင်းအဝိုင်းတွင်
အားလုံး မျက်မြင်တွေ့ရှိနေကြပါ.။

တပ်မတော်ပြခန်းတွင်ဇွန်လ(၂၆)ရက်က ပြုလုပ်ခဲ့သော ကားပြပွဲတစ်ခုမှာ မြန်မာမလေးများ၏ ဝတ်စားထားပုံ
များသည်. အလွန်တရာပင် ကြည့်မကောင်းသည်မှာ အင်တာနက်စာမျက်နှာများတွင် တော်တော်များများဖော်ပြ သခဲ့ပါသည်.။ကားပြပွဲလား လူပြပွဲလား လို့တောင်မေးလိုက်ချင်ပါသည်.ထိုသို့ဖော်ပြခွင့်အားပါမစ်ထုတ် ပေးခဲ့ သောသူများမှာ မည်သူတွေများ ဖြစ်မည်နည်း.။စဉ်းစားသာ ကြည့်ကြပါ.။ထိုသို့သော လူကြီးများသာ ထို့အမိန့်ကို
အရင်ဆုံး စောင့်ထိန်း သင့်ပါကြောင်း ပြောကြားလိုက်ပါသည်.။


မြတ်လေးငုံ